``မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်းလင်းပွဲပြုလုပ်´´

ဖေဖော်ဝါရီ(၁၆)ရက်၊ နေ့လည်(၁း၃၀ မှ ၃း)နာရီအချိန်ခန့်အထိ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ၊ သစ်ရာကောက်-ကိုးပင် ကားလမ်းဆုံရှိ ဟိဏ်းစားသောက်ဆိုင်၌ ၀န်ကြီးဦးအုန်းမြင့်ပြောစကား သတင်းစာရှင်း လင်းပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မကွေးတိုင်းဒေသကြီးNLD ပါတီ အလုပ်အမှုဆောင်များ၊ မြို့နယ်/ ရပ်ကျေးပါတီဝင်များ နှင့် အခြားစိတ်ပါဝင်စားသူများ(၆၀)ဦးခန့်တက်ရောက်ကြောင်း၊ သတင်းစာရှင်းလင်းပွဲ လုပ်ရခြင်းအကြောင်းကို NLD တိုင်းဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးနေမျိုးကျော်၊ ခရိုင်အတွင်းရေးမှူး ဦးရဲတင့်၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုးမိုးနှင့်ပါတီအဖွဲ့ဝင်များ၊ သစ်ရာကောက်ကျေးရွာရပ်ကျေး ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့် နှင့် မကွေး ၈၈မျိုးဆက်ကျောင်းသားအဖွဲ့နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြောင်း၊ သတင်း မီဒီယာ သမားများ(၁၀)ဦးခန့်တက်ရောက်ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီး သစ်ရာကောက်ရွာ၌ ဇန်န၀ါရီလအတွင်းက ရိုင်းစိုင်း စွာဖြင့် နယ်လှည့်ပါးရိုက်မည် ဆိုသောစကားများအား ကန့်ကွက်ကြောင်းဆန္ဒပြရန် ဖေဖော်ဝါရီ(၉)ရက်နေ့က မကွေးမြို့ နယ်ရဲတပ်ဖွဲ့မှူးထံတင်ပြခဲ့သော်လည်း ဖေဖော်ဝါရီ(၁၃)ရက်နေ့တွင်ငြင်း ပယ်စာ ပြန်လည်ရရှိခဲ့ကြောင်း လျှောက်ထားသူ ကိုအောင်မျိုးသန်း က ၎င်းစာများကို ဖတ်ကြားပြသည်။ ၎င်းစာများကို နာခံသောအားဖြင့် ဥပဒေ ဘောင်အတွင်းမှ ခွင့်ပြုချက်ရရှိမှသာ ဆန္ဒပြမည်ဖြစ်ပါကြောင်း၊ ဆန္ဒပြခွင့်မပေး၍ ယနေ့သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သစ်ရာကောက်ကျေးရွာ NLD ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်က ပြောသည်။ သတင်းမီဒီယာများမှ မေးခွန်းများမှာ အယ်လဲဗင်း သတင်းထောက် မှ ၀န်ကြီးဦးအုန်းမြင့် ဖေဖော် ၀ါရီ(၄)ရက်နေ့က ဒုတိယ အကြိမ်လာစဉ်အခါက ယခုလိုမကြေနပ်ကြောင်း မည်သူကမျှကန့်ကွက် ပြောဆိုခြင်း မပြုဘဲ ယနေ့မှ ဘာကြောင့် ပြုလုပ်ပါသလဲဟု မေးမြန်းရာ ၎င်းနေ့က ပြောချိန်မရလို့ပါဟု ရပ်/ကျေးဥက္ကဋ္ဌ ကဖြေဆိုသည်။ ``ကျွန်တော်တို့တောသူ တောင်သားတွေက ပညာမတတ်ကြပါဘူး၊ ၀န်ကြီးဆိုတော့ ကြောက်တာလဲ ပါတာ ကြောင့် မကြေနပ်တဲ့အကြောင်းမပြောရဲကြတာပါ၊ ကျေးရွာရဲ့လိုအပ်ချက်တွေကိုမေးလို့ တောင်းဆိုကြ ပါတယ်။´´ဟု ဦးပေါက်(ခ)ဦးသန်းမြင့်က ဖြေဆိုသည်။ သတင်းထောက်မှ သတင်းဂျာနယ်တစ်စောင်တွင် သစ်ရာကောက်ရွာသား ဦးနေ၀င်းစိုး က ဆန္ဒပြခွင့်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖေဖော်ဝါရီ(၁၆)ရက်နေ့တွင် ဆန္ဒပြမည်ဟု ပြောဆိုချက်အား ဖော်ပြ ထားသော်လည်း ယနေ့ဆန္ဒ မပြခြင်းမှာ အကြောက်တရားကြောင့်လား၊ ၀န်ကြီး ဦးအုန်းမြင့် ဒုတိယခေါက်လာ သွားတုန်းက အထောက်အပံ့ အကူညီတွေ ကြေနပ်လို့ နောက်ထပ်ပေးမဲ့ အကူအညီတွေကို မရမှာစိုးလို့လား ဟု မေးမြန်းရာ၊ NLD ပါတီသည် ဥပဒေဘောင်အတွင်းကသာ ပြုလုပ်လို၍ဖြစ်ကြောင်း၊ အကြောက်တရားမရှိပါ ကြောင်း၊ ကိုနေ၀င်းစိုး ပြောဆိုခဲ့ခြင်းသည် သူ၏တစ်ဦးတည်းသဘောထားသာဖြစ်ကြောင်း၊ မကွေးတိုင်းNLDပါတီ သည် ဥပဒေဘောင်အတွင်းကသာ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ပံ့ကူညီ တာတွေကိုလည်း ကျွန်တော်တို့အဖွဲ့မှ လက်ခံခြင်းမရှိပါကြောင်း အခြားအဖွဲ့ လက်ညှိုးထောင်ခေါင်းညိမ့် သူတွေကသာ လက်ခံယူ ကြတာပါ..။´´ ဟု သစ်ရာကောက်ရွာသား ကိုကျော်သူထွန်း နှင့် ဦးနေမျိုးကျော်(အတွင်းရေးမှူး မကွေးတိုင်း NLD ပါတီ) တို့ကဖြေဆိုသည်။ ၎င်း သတင်းစာရှင်းလင်းပွဲနေ့ နံနက်ပိုင်းအချိန်တွင် ၀န်ကြီးဦးအုန်းမြင့် ဖေဖော်ဝါရီ(၄)နေ့ ဒုတိယ အခေါက်လာစဉ်က ကူညီမည်ဟုပြောဆို၍ ကတိပေးခဲ့သော လုပ်ငန်းများလုပ်ကိုင်နိုင်ရန် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ညွန်ကြားရေးမှူး ဦးနေထက်ရှိန် နှင့်ရုံးအဖွဲ့မှ သစ်ရာကောက်ကျေးရွာအုပ်စု ရွာများအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း(၁၅၀)ခန့်လာရောက်ပေးအပ် ကြောင်း၊ ၎င်းထောက်ပံ့ငွေများအား သစ်ရာကောက်ကျေးရွာအုပ်စု အထောက်အကူပြုအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးပေါက်(ခ) ဦးသန်းမြင့်နှင့်အဖွဲ့ မှ လက်ခံရယူကြောင်း က သတင်း ရရှိသည်။
 

0 comments: