မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ ကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၄ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မန်းရွှေ့စက်တော်ရာ ဗုဒ္ဓပူဇနိယပွဲ တော်ဖွင့်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ(၄)ရက်၊ တပိုးတွဲလဆန်း(၅)ရက်နေ့ နံနက်(၈) နာရီက မန်းရွှေစက်တော်ရာ ဘုရားပွဲတော်အ၀င် လမ်းတွင်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နိုင်ငံတော် သြ၀ါဒ စရိယဆရာတော်အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ဧည့်ပရိသတ်များမှ ဒေ၀ါဝင်း ၊ရာဇာဝင်အဖွဲ့များနှင့်အတူ ရွှေသားစက်လက္ခဏာတော်အား ပင့်ဆောင်ပူဇော်ကြပြီး ဖွင့်ပွဲကျင်းပရာမုဒ်ဦးရှေ့တွင် နေရာ ယူကြသည်။ ဆက်လက်၍ နိုင်ငံတော်သြ၀ါဒစရိယ ရေနံချောင်းဆရာတော် ဘဒ္ဒန္တတေဇနိယ(အဂ္ဂမဟာ ပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ)၊မကွေးဒေသကြီး တိုင်းသံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်၊ နှင့် ရန်ကုန်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဆရာတော် အရှင်သူမြတ်များမှ ဗုဒ္ဓပူဇနိယ ပွဲတော် ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ ဗုဒ္ဓပူဇနိယပွဲတော် မဟာမင်္ဂလာတော် မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ပါသည်။ ထို့နောက် အောက်စက်တော်ရာ (ဗုဒ္ဓခြေတော်ရာမြတ်) ခြေတော်ရင်းသို့ ဦးခိုက်နေရာယူ ကြပြီး ကြွတော်မူကြသည့် ဆရာတော်ကြီး အမှူးပြုသော ဧည့်ပရိသတ်အားလုံးတို့မှ မန်ရွှေစက်တော် ဘုရားကြီး အောက်ခြေတော်ရာမြတ် ဖွင့်လှစ်ပူဇော်ပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပါသည်။ ၎င်းနောက် ဆရာတော်အရှင်းသူမြတ်များနှင့်တကွ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် တို့မှ အောက်စက်တော်ရာ ဗုဒ္ဓခြေတော်မြတ် သံဥသျှောင်း ဖွင့်လှစ်ပေးပြီး ဗုဒ္ဓခြေတော်ရာမြတ်အား နမ္မဒါ ရေစင် ဖြင့်သွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူသော ဆရာတော်အရှင်သူမြတ်များမှ အောက်စက်တော်ရာ ဗုဒ္ဓခြေတော်ရာမြတ်အား ဗုဒ္ဓါဘိသေက အနေကဇာ တင်တော်မူကြပြီး နိုင်ငံတော် သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တတေဇနိယ အရှင်သူမြတ်ထံမှ ကိုးပါးသီးလခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ထံမှ ပရိတ်တရားတော်များ နာယူကြပါသည်။ အစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် အလှူရှင့် ရန်ကုန်မြို့ ရွှေသံလွင်ကုမ္ပဏီ လီမီတက် မိသားစုတို့မှ ဆရာတော်အရှင်သူမြတ်များအား လှူဘွယ်ဝတ္ထု ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး ရန်ကုန်မြို့ အလှူရှင် ဦးသိန်းညွှန့်၊ဒေါ်မြကြည်မိသားစုတို့မှ မန်းရွှေစက်တော်ဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရန် အလှူတော်ငွေ ကျပ်သိန်း(၂၀၀၀)ပေးအပ် လှူဒါန်းရာ ဂေါပကအဖွဲ့မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ထံမှ အနုမောဒနာ တရားတော်များနားယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ ထို့နောက် မန်းရွှေစက်တော်ရာဘုရားကြီး အထက်စက်တော်ရာ(ပထမ)စေတီတော်မြတ် ဖွင့်လှစ် ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်၍ ဆရာတော်အရှင်သူမြတ်များမှ အထက်စက်တော်ရာစေတီတော်မြတ်ကို ဗုဒ္ဓါဘိ သေက အနေကဇာ တင်တော်မူကြကာ အထက်စက်တော်ရာစေတီတော်မြတ်အား ဖွင့်လှစ်ပေးကြ ပြီး အခမ်းအနားကို ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ပါသည်။ မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားသို့ ရပ်ဝေး/ရပ်နီး အသီးသီးများမှဘုရားဖူးလာပြည်သူများဖြင့် ကြက်ပျံမကျ အထူးစည်းကားလျှက်ရှိပြီး ပွဲတော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။ သတင်းနှင့် ဓာတ်ပုံ - ဦးတင်ထွန်းဦး

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: