ဖေဖော်ဝါရီ(၂၄)ရက်နေ့ နံနက်(၈း၃၀)နာရီ မှ နေ့(၁၁း၃၀)နာရီအချိန်တွင် မကွေးမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်းမ၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ကြောင်း သတင်းရရှိသည်။
၎င်းအခမ်းအနားကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အတွင်းရေးမှူး ဦးစစ်မြိုင်၊ အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ဦးခွထီးယိုး တို့သုံးဦးမှ စတင်ဟောပြောပြီး တက်ရောက်လာသော နိုင်ငံရေးပါတီဝင်များ မကွေးမြို့ပေါ်ရှိ လူမှုရေးအသင်းများအစည်းများစုစုပေါင်းအင်အား(၂၀၀)ကျော်ခန့်တက်ရောက် ကြောင်း သိရသည်။
`` ကျွန်တော်တို့မေးချင်တာက လူ့အခွင့်အရေးကျေညာစာတမ်းအပိုဒ်(၅)မှာ မည်သူမဆိုညှင်းပမ်း နှိပ့်စက်ခြင်း၊ ရက်စက်ကြမ်းကြုပ်စွာ၊ လူမဆန်စွာပြောဆိုခြင်း၊ဂုဏ်သိက္ခာညှိုးနွမ်းစေအောင်ဆောင်ရွက်ခြင်း၊ သို့တည်းမဟုတ် ပြစ်ဒဏ်ပေးခြင်း မပြုရလို့ဖော်ပြထားပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ မကွေးမြို့နယ် သစ်ရာကောက်ရွာမှာ လာရောက်ပြီး ရိုင်းစိုင်းမောက်မာစွာ မြန်မာပြည်တွင်းတင်မက ကမ္ဘာကထိသိအောင် ပြောကြားသွားတဲ့ ကိစ္စကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုများဆောင်ရွက် ပေးနိုင်ပါမည်လဲ၊ ဒုတိယ အနေနဲ့ လူ့အခွင့်အရေးကျေညာစာတမ်းအပိုဒ်(၂၅)မှာ လူတိုင်းသည်မိမိနှင့်တကွ မိမိမိသားစုဘ၀ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးများကို အေးချမ်းစွာ ဖြင့်နေနိုင်ရေးလို့ဆိုထား သော်လည်း လတ်တစ်လော အတိဒုက္ခရောက်နေတဲ့ သမီးလေးကျေးရွာဒုက္ခသည်များကိစ္စကိုလည်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုများဆောင်ရွက်ပေးနိုင်ပါမည်လဲ..။´´ ဟု မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မေးမြန်းသည်။
Butterfly Diary ..... (Our Hidden Paradise)
4 days ago

0 comments:
Post a Comment