တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲနှင့် ဆွမ်းကပ်လှူဒါန်းပွဲကျင်းပ

မကွေး ဖေဖော်ဝါရီ ၁၄ ၂၀၁၄-ခုနှစ် မကွေးတိုင်းဒေသကြီး တတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက် ညနေ(၆)နာရီက မကွေးမြို့ မြသလွန်ဘုရား ပရ၀ုဏ်ကွင်းတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားတွင်ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ တရားသူကြီးချုပ်၊စာရင်းချုပ်နှင့် လူမှုရေး ၀န်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ ထမနဲထိုးပြိုင်ပွဲအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပထမဆုရရှိသော တိုင်းဒေသကြီး ပညာရေး ဦးစီးဌာနအား အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှလည်းကောင်း၊ ဒုတိယဆုရရှိသော တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းအား လူမှုရေးဝန်ကြီးမှ လည်းကောင်း၊တတိယဆုရရှိသော မကွေးမြို့ ဆုံရပ်ကွက်အသင်းအား တိုင်းဒေသကြီး ဥပဒေချုပ်မှ လည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါထမနဲထိုးပြိုင်ပွဲတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ဌာနဆိုင်ရာအသင်းများနှင့် မကွေးမြို့ပေါ် ရပ်ကွက်များမှ အသင်းများ စုစုပေါင်း အသင်း(၄၅)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် အသင်းများမှ ထမနဲ(၂)ပိဿာစီ မြသလွန် ဂေါပကအဖွဲ့ထံ လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။ တတိယအကြိမမြောက် မြန်မာ့ရိုးရာ ထမနဲဆွမ်းကပ်လှူပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၄)ရက် နံနက်(၅)နာရီအချိန်က မြသလွန်စေတီတော် ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများနှင့် တက်ရောက်လာသောဧည့်သည်တော် များမှ မြသလွန်စေတီတော်မြတ်ကြီးအား ထမနဲဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးနံ့သာတိုင်များ ကပ်လှူပူဇော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ တင်ထွန်းဦး (IPRD) သတင်းပေးပို့သူ - ဦးတင်ထွန်းဦး

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: