`` ၅၄ နယူးဒေး စက်သုံးဆီဆိုင် တောင်တွင်းကြီးမြို့လယ်မှ မြို့ပြင်သို့အမြန်ပြောင်းပေးရန် ပဉ္စမအကြိမ်မြောက် တစ်ကိုယ်တော်ဆန္ဒပြသူကို ပုဒ်မ(၁၈)ဖြင့်တရားစွဲ´´

ဖေဖော်ဝါရီ(၁၀)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် မောင်းတိုင်(၂)ရပ်ကွက် ထူပါရုံလမ်းနေသူ ကိုဝေဖြိုးအောင်(၃၃)နှစ်သည် အလျားသုံးပေ၊ အနံသုံးပေရှိ အဖြူခံ၌ အစိမ်းရောင်စာလုံးဖြင့်ရေးသားထားသော မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေး ဆိုင်းဘုတ်ကိုကိုင်ဆောင်လျှက် တောင်ပြင်၂ရပ်ကွက်၊ မကွေးလမ်း၊ ပိုင်ပိုင်လက်ဘက်ရည်ဆိုင် ရှေ့မှ အနောက်ဘက်ပေ(၁၅၀)ခန့်အကွာရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)ရှေ့တွင် တစ်ကိုယ်တော်ဆန္ဒပြကြောင်း၊ နံနက်(၁၀း၁၀)အချိန်ခန့်တွင် တောင်တွင်းကြီးမြို့မရဲစခန်းမှာ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြ၍ (ပ)၂၄/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင်ဆိုင်ရာ ပုဒ်မ(၁၈)ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။ တစ်ကိုယ်တော်ဆန္ဒပြသူ ကိုဝေဖြိုးအောင် နှင့်အင်အား(၂၀၀)တို့က ဆိုင်းဘုတ်များကိုင်ဆောင်၍ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေးရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒပြခွင်အား သက်ဆိုင်ရာသို့ ဖေဖော်ဝါရီ(၃)ရက်နေ့ကလျှောက်ထားခဲ့ကြောင်း၊ ဖေဖော်ဝါရီ(၇)ရက်နေ့တွင် သက်ဆိုင်ရာမှ ငြင်းပယ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ တောင်တွင်းကြီးမြို့လယ်ရှိ အမှတ်-၅၄ နယူးဒေး (ပုဂ္ဂလိကပိုင်စက်သုံးဆီဆိုင်)မြို့ပြင် အမြန်ရွေ့ပေးရန် ဆန္ဒပြခြင်းများမှာ ဖေဖော်ဝါရီ(၁၀)ရက် ကိုဝေးဖြိုအောင် အထိ တောင်တွင်းကြီးမြို့၌ ငါးကြိမ် ငါးခါမြောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်းကဆန္ဒပြခြင်း(၂)ကြိမ်၊ ၂၀၁၄ ဇန်န၀ါရီလမှ ဖေဖော်ဝါရီလ(၁၀)ရက် အထိ တစ်ကိုယ်တော်ဆန္ဒပြသူများ ကိုပြေမိုး၊ ကိုကျော်ထွန်းဦး နှင့် ယခု ကိုဝေဖြိုးအောင်တို့ စုစုပေါင်း သုံးဦးအပါအ၀င် ဆန္ဒပြခြင်းများမှာ ပဉ္စမအကြိမ် အထိရှိပြီဖြစ်ကြောင်း၊ ဆန္ဒပြပွဲ(၅)ကြိမ်မှ ဆန္ဒပြသူများ အား ပုဒ်မ(၁၈)ဖြင့်အမှုဖွင့် အရေးယူခံကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၀ိုင်းအောင်
 

0 comments: