တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။

သို့/ သမ္မတကြီး ဦးသိန်းစိန် နှင့် ပြည်ထောင်စု ၀န်ကြီးများ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်နာယကကြီး နှင့် လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော်။ နေ့စွဲ ၂၀၁၄၊ ဖေဖော်ဝါရီ(၁၇)ရက်။ တာဝန်ခံအယ်ဒီတာ ပြည်သူ့အသံမှ တဆင့် မြန်မာပြည်ရှိ ပင်စင်စားအား လုံး၏ ကိုယ်စား ရင်ဖွင့်ပြီး တောင်းဆိုပါရစေ။ ကျွန်တော်သည် တပ်ကြပ်ကြီးအငြိမ်းစား ကျော်အောင်၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းလေးကျေးရွာ၊ မကြီးထူးအုပ်စု၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှာနေထိုင်သူ ပင်စင်စားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ပင်စင်စား(နယ်ဘက်/စစ်ဘက်) အတော်များများဟာ ပင်စင်လစာ ရခဲ့တာနည်းပါးကြလို့ နိုင်ငံတော်ပင်စင်ဌာနသို့ အချိုး၂၅ ရာခိုင်နှုန်း အချိုး ၅၀ရာခိုင်နှုန်းတို့ဖြင့် တစ်လုံးတစ်ပေါင်းတည်းလဲလှယ်ခဲ့ကြ ပါတယ်။ အရပ်ပြောပြောရရင် ပင်စင်တစ်ဝက်ကို အပြတ်ရောင်းခဲ့ကြပါတယ်။ အဲဒီအချိန်အခါက ပင်စင်စားရော ပင်စင်ဌာနပါ နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး ကျေနပ်ခဲ့ကြပါတယ်။ ယခုနိုင်ငံတော်အစိုးရသစ် သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ပြည်သူ့လွှတ်တော်နာယကကြီး သူရရွှေမန်းက နိုင်ငံဝန်ထမ်းများနှင့် ပင်စင်စားများကို လခ နှင့် ပင်စင်များကို တစ်နှစ်ချင်း တိုး၍ တိုး၍ ပေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူအိုး လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် တိုးပေးတဲ့ ပင်စင်လစာရဲ့ တစ်ဝက်(၅၀)ရာခိုင်နှုန်းကို ပင်စင်ဌာနက ဖြတ်တောက်ယူနေတာ လုံးဝ သဘာဝမကျပါဘူး။ ယခင်ပင်စင်တစ်ဝက်ရောင်းတုန်းက ပင်စင်လစားရဲ့ တစ်ဝက်ကိုသာ အဲဒီတုန်းက ပင်စင်လဲလှည်တွက်ချက်ခဲ့တဲ့ နှုန်းထား စာချုပ်အတိုင်းသာ ဖြတ်တောက်ယူသင့်ပါတယ်။ ယခုအစိုးရအသစ် လက်ထက်မှာ တိုးပေးတဲ့ ပင်စင်ငွေထဲက လုံးဝ မဖြတ်သင့်ပါဘူး။ နိုင်ငံတော်က ပင်စင်စားများကို စေတနာမှန်ဖြင့် တိုးပေးထားတဲ့ ပင်စင်လစာအတိုင်း တစ်ဝက်ဖြတ်နေခြင်းအတွက် ပင်စင်စားများ အလွန်နစ်နာဆုံးရှုံးနေပါတယ်။ ကျွန်တော်တို့ လူအို လူမွဲ အိုမင်းမစွမ်း ပင်စင်စားများအတွက် နိုင်ငံတော်အစိုးရအသစ်က စေတနာ အပြည့်အ၀နဲ့ ပင်စင်လစာ များတိုးပေးခဲ့ပေမဲ့၊ ပေးကားပေးသော်လည်း အပြည့်မရကြပါ၊ ကြွေးကား ကြွေးသော်လည်း မ၀ဖြစ်နေကြရပါတယ်။ နိုင်ငံတော်အတွက် သက်ပြည့်၊ နှစ်ပြည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာနဲ့ ထမ်းဆောင်လာခဲ့ကြတဲ့ ကျွန်တော်တို့ လူအို လူမွဲ ပင်စင်စားများကို ထပ်တိုးပေးတဲ့ ပင်စင်လစာ ငွေများကို အပြည့်အ၀ မဖြတ်မတောက်ဘဲ ထုတ်ပေးကြပါရန် လေးစားစွာနဲ့ ပင်စင်စားများရဲ့ကိုယ်စား အသနားခံတောင်းဆိုအပ်ပါ တယ်ခင်ဗျာ..။ ကျော်အောင် တပ်ကြပ်ကြီးအငြိမ်းစား၊ ကိုယ်ပိုင်နံပါတ်(၂၆၀၁၀၃)၊ နိုင်ငံသားအမှတ် ၈/မနသ(နိုင်) ၀၃၅၇၄၄၊ ညောင်ကုန်းကျေးရွာ၊ မကြီးထူးကျေးရွာအုပ်စု မြို့သစ်မြို့နယ်။ ဖုန်း ၀၉-၂၅၆၀၉၃၃၁၈
 

0 comments: