``ကမ္ဘာလှည့်ခရီးသည်များ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအဖွဲ့ မကွေးမြို့သို့ ဒုတိယအကြိမ်ရောက်လာ´´

ဖေဖော်ဝါရီ(၅)ရက် နေ့လည်(၂း၃၀)အချိန်ခန့်တွင် မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း ထိန်ထိန်သာသာ ဟိုတယ်(၁)သို့ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအဖွဲ့ မကွေးမြို့သို့ ဒုတိယအကြိမ်ရောက် လာပြီး ညအိပ်ရပ်နား၍ ဖေဖော်ဝါရီ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မကွေးမြို့မှ ပြည်မြို့သို့ ဆက်လက် ထွက်ခွာ သွားကြောင်းသတင်းရရှိသည်။ အဆိုပါအဖွဲ့အား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် H & H Clissic (Rallie)အဖွဲ့ နှင့် မြန်မာနိုင်ငံ Esserice of Myanmar (inspiration Myanmar Travels & Tours Co, Ltd) တို့ ပူးပေါင်း၍ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ခရီးသွားလာသည့် ကမ္ဘာလှည့်ခရီးသည် ဗြိတိန်နိုင်ငံသား Mr. Gonding (ဗီစာသက်တမ်း ၈-၄-၂၀၁၄) ပါ (၅၃)ဦးတို့လိုက်ပါလာကြောင်း၊ Esserice of Myanmar (inspiration Myanmar Travels & Tours Co, Ltd)မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခိုင်ဇာနည်၊ မြန်မာ့ခရီးသွားလုပ်ငန်းမှ ဦးဌေးအောင်ပါ(၈)ဦးတို့လည်း ၎င်းခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးအား အနီးကပ်ကြီးကြပ်၍ ညောင်ဦးမြို့မှ ဖေဖော်ဝါရီ(၅)ရက် နေ့လည်(၂း၃၀)အချိန်ခန့်တွင် မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း ထိန်ထိန်သာသာ ဟိုတယ်(၁)သို့ရောက်ရှိပြီး ညအိပ်ရပ်နားကြောင်း၊ ဖေဖော်ဝါရီ(၆)ရက်နေ့ နံနက်(၉)နာရီ အချိန်ခန့်တွင် မကွေးမြို့မှ ပြည်မြို့သို့ ဆက်လက်ထွက်ခွာ သွားကြောင်း ခရီးသွားတာဝန်ခံတစ်ဦးက ပြောသည်။ ခေတ်ဟောင်းမော်တော်ယာဉ်(၂၅)စီးဖြင့် လိုက်ပါလာသော ကမ္ဘာလှည့်ခရီးသည်များမှာ ဗြိတိန်နိုင်ငံမှ (၂၇)ဦး၊ ဂျာမဏီနိုင်ငံသား(၃)ဦး၊ သြစတြေးလျှမှ(၅)ဦး၊ နယ်သာလင်မှ(၅)ဦး၊ လတ်ချန်စတိန်(၃)ဦး၊ ဆွီဒင်(၂)ဦး၊ စပိန်(၁)ဦး၊ ပေါ်တူကီ(၂)ဦး၊ နယူးဇီလန်(၁)ဦး၊ အိုင်းရစ်(၁)ဦး၊ ဘယ်လဂျီယန်(၁)ဦး နှင့် အီတလီနိုင်ငံမှ(၁)ဦး တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
 

0 comments: