``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´

ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၈)နာရီမှ နံနက်(၉)နာရီအချိန်ခန့်အထိ မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် နှင့်အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် အစိုးရ၀န်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဝင်းမြတ်အေး ၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ တိုင်း/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်း(၁၅၀)ခန့် တက်ရောက်ကြောင်း သိရသည်။ ဆေးတက္ကသိုလ်(မကွေး) ဘွဲ့နှင်းသဘင်ခန်းမ အဆောက်အဦးသစ်ဖွင့်ပွဲကို ဆေးသိပ္ပံဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဦးအောင်ကျော်မြင့် နှင့် ဆေးတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ၀င်းမြတ်အေး တို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြောင်း၊ ကျန်းမာရေးဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင် မှ ဆေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင်ခန်းမ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ့်၍ ဖွင့်လှစ်ပေးကြောင်း သတင်း ရရှိသည်။ ၎င်းခန်းမကြီးကို ၂၀၁၂၊ ဒီဇင်ဘာ(၂)စတင်၍ ပန္နက်တင်အခန်းအနားပြုလုပ်၍ Diamant City ကုမ္ပဏီ မှ (၁၅)လအတွင်း အပြီးဆောက်လုပ်ခဲ့ကြောင်း၊ အဆောက်အဦး၏ အကျယ်အ၀န်းမှာ (၁၈၀)စတုရန်းပေရှိပြီး (၂)ထပ်ပါရှိကြောင်း၊ မြေညီထပ်တွင် လူဦးရေပေါင်း(၁၃၀၀)ဦးခန့်ဆန့်သောခန်းမဖြစ်ကြောင်း၊ ပထမထပ်တွင် လူဦးရေ(၃၀၀)ဆန့် ခန်းမ နှင့်အုပ်ချုပ်ရေးရုံးများ ပါဝင်ကြောင်း၊ ၎င်းဘွဲ့နှင်းသဘင်ခန်းမကြီးအား မြန်မာငွေကျပ် သန်းပေါင်း(၁၃၆၉.၈) သန်း ကုန်ကျကြောင်း Diamant City ကုမ္ပဏီ မှ သတင်းရရှိသည်။ ၎င်း ဘွဲ့နှင်းသဘင် ခမ်းမ အသစ်တွင် ဖေဖော်ဝါရီ(၂၁)ရက်နေ့မှာ မကွေးဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသား များအား အဋ္ဌမ အကြိမ်ဘွဲ့နှင်းသဘင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ `` မကွေးဆေးတက္ကသိုလ်ကြီးက မကွေးမြို့နဲ့ (၆)မိုင်လောက်ဝေးတယ်၊ ယခင်ဘွဲ့နှင်းသဘင်ကျင်းပစဉ်က အဆောက်အဦးမရှိတော့ မျက်ခင်းပြင်မှာ ကျင်းပခဲ့ရတယ်၊ ရာသီဥတု မကောင်းရင် ဒုက္ခရောက်တယ်၊ ဘွဲ့ယူတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကားနဲ့သွားကြရပါတယ်..။´´ ဟု ဒေသခံ ကျောင်းသားမိဘတစ်ဦး က ပြောသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´ ini dipublish oleh shwelannwelanwinkyi pada hari Thursday, February 20, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ``မကွေးဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲ´´
 

0 comments: