`` ပါးရိုက်မည်ဆိုသော ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ကို နှုတ်ထွက်ပေးရန် အောင်လံမြို့တွင် ဆန္ဒပြ´´

ဖေဖော်ဝါရီ(၁၀)ရက် နံနက်(၉)နာရီမှ (၁၀း၃၀)နာရီအချိန်ခန့်တွင် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ ကုသိနာရုံဘုရားရှေ့မှ လူအင်အား(၁၅၀)ခန့်ဖြင့် စတင်၍ (၈)လမ်းမှ အနောက်ဘက်ဈေးအလယ်ပေါက်သို့၊ ၎င်းမှ မြောက်ဘက်သို့ချိုးကွေ့၍ လမ်းမတော်လမ်းမှ (၇)လမ်းသို့၊ ၎င်းမှ အရှေ့သို့ချိုးကွေ့၍ တောင်ဘက်ပြည်လမ်းမ ပေါ်သို့၊ ၎င်းမှ(၁၅)လမ်းအနောက်ဘက်ရှိ ရွှေပြောင်ပြောင်ဘုရားသို့၊ ၎င်းရွှေပြောင်ပြောင်ဘုရားရှေ့မှ တောင်ဘက်လမ်းမတော်အတိုင်းဆက်လျှောက်ကာ (၁၉)လမ်းမှ အရှေ့သို့ချိုးကွေ့၍ ပြည်လမ်းမတောင်ဘက်ရှိ ကုသိနာရုံဘုရားရှေ့သို့ ပြန်လည် ချီတက်ရောက်ရှိကြောင်း ဆန္ဒပြသူတစ်ဦးက လမ်းကြောင်းအား ပြောပြသည်။ အဆိုပါဆန္ဒပြသောအဖွဲ့အား ဦးအေးမြင့်(NLD နာယယ)၊ ဦးအောင်ထူးမြင့်(NLD ဥက္ကဋ္ဌ)၊ ဦးမြတ်ကို(NLD တွဲ အတွင်းရေးမှူး) ၊ ဦးအေးကျာ်(NLDအတွင်းရေးမှူး) နှင့် ပါတီဝင်များက ဦးဆောင်၍ ဦးအေးကျော်၊ ဦးဝင်းမြင့်၊ ကိုသူရနိုင်၊ ကိုဟန်ဝင်းအောင်တို့ မှ ကြွေးကြော်သံများအား တိုင်ကြားပေးကြောင်း၊ (ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ချက်ချင်းထွက်)။ (ပုဆိုးလှန်ဝန်ကြီးဦးအုန်းမြင့် ချက်ချင်းထွက်)။ (ပါးရိုက်ဝန်ကြီးဦးအုန်းမြင့် ချက်ချင်းထွက်)။ (ကောင်းမွန်သောအစိုးရဖြစ်ရေး ဒို့အရေး)။ (ပုဒ်မ၁၈ ဖျက်သိမ်းပြစ်)။ (ဒီမိုကရေစီဖွံ့ဖြိုးရေး ဒို့အရေး)။ (ပါတီစုံဒီမိုကရေစီဆန့်ကျင့်သူ ဒို့ရန်သူ)။(နယ်တကာလှည့် ပါးရိုက်ရဲတဲ့ ဗိုလ်ချုပ်လူထွက် အလိုမရှိ)။ (ခါးကြားမှာ သေနပ်ထိုး အုပ်ချုပ်တဲ့ဝန်ကြီး အလိုမရှိ)။ ဆိုသောကြွေးကြော်သံများနှင့်အတူ နှစ်ပေပတ်လည်ရှိ ၎င်းစာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်၍ လူထုအင်အား(၁၅၀)ခန့်ဖြင့်(ဆန္ဒပြခွင့် စာတင်ထားသော်လည်း)ထူထု တစ်ထောင်ကျာ်ခန့် ဆန္ဒပြချီတက်ကြကြောင်း၊ ၎င်းဆန္ဒပြသူအဖွဲ့အား မြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌ ဦးကံထွန်း နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ဌေးမောင်နှင့်ရဲတပ်ဖွဲ့ဝင်များက ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံခဲ့သော်လည်း တားဆီး၍ မရခဲ့ကြောင်း ဆန္ဒပြသူ ဒေသခံတစ်ဦးမှ မြန်မာပို့ဂလိုဘယ်သို့ ပြောသည်။ အဆိုပါဆန္ဒပြပွဲပြုလုပ်ရန် သက်ဆိုင်ရာသို့ ကြိုတင်လျှောက်ထားခဲ့သော်လည်း ဖေဖော်ဝါရီ(၇)ရက်နေ့တွင် ခွင့်မပြုကြောင်းစာအား လျှေက်ထားသူ ဦးမြတ်ကို(NLD တွဲအတွင်းရေးမှူး)ထံသို့ ပေးပို့ထားကြောင်း၊ ထို့ကြောင့် ခွင့်ပြုချက်မရှိဘဲ ဦးဆောင်၍ စီတန်းလှည့်လည်ခဲ့သော ဦးမြတ်ကို(၃၁)နှစ်၊ နိုင်ငံသားအမှတ် ၈/အလန(နိုင်) ၁၂၉၉၆၈ (ဘ) ဦးအေးကြူ၊ သရက်တောရပ်ကွက်၊ (၂)လမ်း၊ အောင်လံမြို့နေထိုင်သူကို ဖေဖော်ဝါရီ(၁၀)ရက်၊ နေ့(၁၂)နာရီအချိန်ခန့်တွင် အောင်လံမြို့မရဲစခန်း၌ (ပ)၉/၂၀၁၄ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ(၁၈) ဖြင့် အမှုဖွင့်၍ အရေးယူထားကြောင်း၊ သို့သော် သူတို့က အာမခံကိစ္စ အတင်းယူခိုင်း၍ အာမခံပေးထားကြောင်း ဦးအေးမြင့်(NLD နာယက)ထံမှ သတင်း ရရှိသည်။ ဖေဖော်ဝါရီ(၁၁)ရက် နေ့(၁)နာရီအချိန်ခန့်တွင် အောင်လံမြို့မှ ဦးအေးမြင့်( ဒု ဥက္ကဋ္ဌ မကွေးတိုင်း NLD ပါတီ)ထံသို့ ဆန္ဒပြပွဲအား NLDပါတီက ဦးဆောင်ကြောင်း အများပြောဆိုချက်အားမေးမြန်းရာ.. ``ကျွန်တော်တို့က လုပ်စရာရှိတာကို လုပ်တာပါ၊ သူတို့ကလည်း သူတို့လုပ်စရာရှိတာ လုပ်နေကြတာဘဲဗျာ၊ NLD ပါတီအနေနဲ့၊ နိုင်ငံရေးပါတီတခုအနေနဲ့ လုပ်တာမဟုတ်ဘဲ ပြည်သူ့ဆန္ဒ လူထုဆန္ဒအရ အောင်လံမြို့သူ မြို့သားတွေရဲ့နိုင်ငံရေးနိုးကြားမှုတွေကို ကူညီပြီးပါဝင်ဆောင်ရွက် ပေးကြတာပါ၊ ဒါပေမယ့် သူတို့က NLDပါတီက ဦးဆောင်တယ်ပြောလည်း လုပ်တယ်ပေါ့ဗျာ၊ ဒါကတော့ သူတို့သဘော အတိုင်းပေါ့။ လူထုဆန္ဒ နဲ့အညီ ကျွန်တော် တို့ ဆက်လက်စရာရှိတာကိုလည်း ဆက်လုပ်သွားအုံးမှာပါ….။´´ ဟု ဦးအေးမြင့် က ပြောသည်။
 

0 comments: