``မန်းရွှေစက်တော်ဘုရားပွဲတွင်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ´´

ဖေဖော်ဝါရီ(၂၀)ရက် နေ့(၁)နာရီအချိန်ခန့်တွင် မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်တွင်း လှေတင်ဈေးဆိုင် တန်းရှိ ချမ်းမြေ့အောင် မော်တော်ဆိုင်ကယ်ပြုပြင်ရေးဆိုင်ခန်း၌ ဖဲလောင်းကစားဝိုင်း ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သတင်းပေးချက်အရ ၎င်းဆိုင်ခန်းသို့ မန်းရွှေစက်တော်ရဲကင်းမှူး ရဲအုပ်ရွှေဝင်းမောင်နှင့်အဖွဲ့ သည် ၀င်ရောက်ဖမ်းဆီးရာ ဖဲလောင်းကစားနေကြသူ (၆)ဦးနှင့်အတူ ဖဲချပ်နှင့် လောင်ကစားကြေးငွေကျပ် (၆၄၅၀)တို့အား ဖမ်းဆီးရမိကြောင်း၊ ဆိုင်ခန်းပိုင်ရှင် ချမ်းမြေ့အောင်(၂၉)နှစ်၊ ရန်နိုင်ရပ်ကွက်၊ မကွေးမြို့နေသူနှင့် အတူ ရဲအောင်(၂၂)နှစ်၊ ငဖဲမြို့၊ မျိုးကို(၁၇)နှစ်၊ ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ ပေါ်ကြီး(၂၂)နှစ် ဆင်ခေါင်းရွာ မင်းဘူးမြို့နယ်၊ မိုးသူ(၂၇)နှစ်၊ ရွာဟောင်းကန်ရွာ၊ မကွေးမြို့နယ်၊ ကျော်မင်း(၂၂)နှစ် စကုမြို့တွင် နေထိုင်သူ (၆)ဦးအား ဖေဖော်ဝါရီ(၂၀)ရက် ညနေ(၅း၃၀)နာရီအချိန်တွင် စကုနယ်မြေရဲစခန်း၌ (ပ) ၁၆/၂၀၁၄၊ လောင်းကစားပြစ်မှုပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းမှ သတင်း ရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: