``မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေးကော်မတီအဖွဲ့သစ် ပြန်လည်ရွေးချယ်ပြီး´´

ဖေဖော်ဝါရီ(၈)ရက်၊ နံနက်(၉း၃၀)နာရီမှ(၁၂း၃၀)နာရီအချိန်အထိ မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေးကော်မတီ(မ.စ.က)အဖွဲ့သစ် ပြန်လည်ရွေးချယ်ကြောင်း၊ ယခင်နာမည်(မ.ထ.သ)နာမည်အား နာမည် အသစ်ဖြင့် ပြောင်းလဲခေါ်ဆိုရန် တင်ပြထားကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးဒေသကြီးအစိုးရအဖွဲ့မှ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဖေ တက်ရောက်၍ အမှာစကားပြောကြား ကြောင်း၊ မကွေးတိုင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး အတွင်းရေးမှူး၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးခင်သန်းမှ ရွေးချယ်ရေးစနစ်အား ရှင်းလင်းကြောင်း၊ ရွေးချယ်ပွဲအဖွဲ့ဝင်များမှာ ဦးထင်ကျော်နှင့် ဦးသိန်းထွဋ် (ညွန်ကြားရေးမှူး မကွေးတိုင်းဒေသကြီး က.ည.န)၊ ဦးတင်ညွန့် ဒု အုပ်ချုပ်ရေးမှူး (မကွေးခရိုင် အုပ်ချုပ်ရေးမှူးရုံး)၊ ဒုရဲမှူးကြီး ကျော်ငြိမ်း(ခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊ ဦးမြင့်မြတ်(စည်ပင်သာယာဌာန ဦးစီးအရာရှိ) နှင့် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး တို့ဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မော်တော်ယာဉ်လိုင်းပေါင်း (၅၇)ဂိတ်မှ အခြေစိုက်(၁၈)သင်း၏ ဂိတ်ပိုင် များ(၄၈)ဦးတက်ရောက်၍ ရွေးချယ်ခံရန်(၄၇)ဦးအမည်စာရင်းတင်သွင်းကြောင်း၊ ယခင်သက်တမ်း(မထသ) ဥက္ကဋ္ဌ ဟောင်း၊ လက်ရှိအမှုဆောင် ဦးအေးကိုမှာ ကြိုတင်ရွေးချယ်ရန်စာရင်းမတင်သွင်းသည့်အပြင် ရွေးချယ်ပွဲ အခမ်းအနားကျင်းပနေစဉ် မဲမပေးဘဲ ပြန်သွားကြောင်း၊ လက်ရှိအမှုဆောင်(၇)ဦးထဲမှ အမှုဆောင်(၂)ဦးသည် (မထသ)ရုံးသို့ တာဝန် ထမ်းဆောင်ရန် လုံးဝလာရောက်ခြင်းမပြုဘဲ ၀န်ထမ်းလစာများကို ထုတ်ယူကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။ အရွေးချယ်ခံရန်(၄၇)ဦးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့်ရွေးချယ်ရာ ဦးမြင့်စိုး ဥက္ကဋ္ဌ ထောက်ခံ(၄၂)မဲ၊ ကန့်ကွက် (၅)မဲ ၊ ဦးမိုးခိုင်စိုး အတွင်းရေးမှူး၊ ထောက်ခံ(၃၈)မဲ၊ ကန့်ကွက်(၉)မဲ၊ ဦးဝင်းထွန်း ဘဏ္ဍာ ရေးမှူး၊ ထောက်ခံ (၃၅)မဲ၊ ကန့်ကွက်(၁၂)မဲဖြင့်၊ ဦးအေးကိုကို စာရင်းစစ်၊ ထောက်ခံ(၃၀)မဲ၊ ကန့်ကွက်(၁၇)မဲဖြင့် အသီးသီး ရွေးချယ်ကြောင်း၊ အဖွဲ့ဝင်များအဖြစ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့မှ ဦးကျော်ဆန်းဦး၊ ထော်လာဂျီပို့ဆောင် ရေးအဖွဲ့မှ ဦးသိန်းထွန်း၊ သုံးဘီးယာဉ်လိုင်း အဖွဲ့မှ ဦးဟန်ထွန်း တို့ဖြင့် အလုပ်အမှုဆောင်အဖွဲ့(၇)ဦးတို့အား ရွေးချယ်ကြောင်း၊ အဆိုပါ အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျကြီးကြပ်ရေးကော်မတီအဖွဲ့၏ တာဝန်ဝတ္တရားများထမ်းဆောင်ရန် (၁-၄-၂၀၁၄)နေ့ ၂၀၁၄/၁၅ ဘတ်ဂျက်မှ စတင်အတည်ပြုကြောင်း၊ သက်တမ်းကာလ လေးနှစ်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်များအားလုံးသည် လခများဖြင့် အသီးသီးခံစားခွင့်ယူထားသူများဖြစ်၍ နေ့စဉ်ရုံးတက်ရမည်ဖြစ် ကြောင်း၊ (၃)ရက်ဆက်တိုက် (တာဝန်မဲ့)ရုံးတက်ရန်ပျက်ကွက်ခဲ့လျှင် အလုပ်အမှုဆောင်အဖွဲ့မှ ထုတ်ပယ်မည်ဟု ၎င်းရွေးချယ်ပွဲ ဥပဒေ/ နည်းဥပဒေတွင် စည်းကမ်းသတ်မှတ်ချက်များပါရှိကြောင်း ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။ `` ယခုရွေးချယ်လိုက်တဲ့ အလုပ်အမှုဆောင်အဖွဲ့ကတော့ အမှန်တကယ်လုပ်နိုင်သူများကိုသာ ဒီမိုကရေစီနည်း စနစ်ကျ ရွေးချယ်ခြင်းဖြစ်ပါတယ်။ မ.ထ.သ မှာ ယခင်က ဥပဒေ/နည်းဥပဒေများမရှိဘဲ ကောင်းနိုးရာရာတွေကို ပေါင်းစပ် ညှိနှိုင်းလုပ်ကိုင်လာခဲ့ရတာပါ။ ယခုတော မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ ကျွန်တော်တို့(မထသ) အဖွဲ့နဲ့ စုပေါင်းရေးဆွဲတင်ပြထားတဲ့ ဥပဒေ ကို ၂၀၁၃ ဧပြီ(၂၃)ရက်က လွှတ်တော်ကအတည်ပြုပေးခဲ့ပါတယ်။ နည်းဥပဒေကို ၂၀၁၄ ဇန်န၀ါရီ(၄)ရက်နေ့က အတည်ပြုထုတ်ပြန်ပေးခဲ့ပါပြီ၊ ဥပဒေ/နည်းဥပဒေတွေနဲ့ လုပ်ကိုင် ရမှာဆိုတော့ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းများ စနစ်တကျ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ကျွန်တော်တို့အဖွဲ့က သက်တမ်း(၄)နှစ်ကာလအတွင်းမှာ ယခင်သက်တမ်းကာလထက် ပိုမိုပြီးအောင်မြင်အောင် အမှုဆောင်လူငယ်တွေကို လက်ဆင့်ကမ်းနေရာပေးပြီး စုပေါင်းဆောင်ရွက်သွားကြမှာပါ ။´´ ဟု ဥက္ကဋ္ဌ ဦးမြင့်စိုး က ပြောသည်။
 

0 comments: