``(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈)ဖျက်သိမ်းရေး အယူခံအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပယ်ချ၊ ထပ်မံလျှောက်ထားမည်၊ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမည် ´´

၀၁၄ ဇန်န၀ါရီ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ (၈၈) မျိုးဆက် ငြိမ်းချမ်း ရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈)ဖျက်သိမ်းရေး ဆန္ဒပြခွင့် အယူခံအားပယ်ချကြောင်း၊ ဒီဇင်ဘာ(၂၇)ရက်နေ့က ဒီကိစ္စကို မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်နေ့မှာ ငြင်းပယ်ကြောင်း၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံသို့ အယူခံသဘော ထပ်မံတင်ပြတောင်းခံကြောင်း၊ ဆန္ဒပြခွင့် အယူခံအားပယ်ချကြောင်း၊ (၈၈)မျိုးဆက်ရုံးချုပ်(ရန်ကုန်)၏ ညွှန်ကြားချက်ဖြင့် ဇန်န၀ါရီ(၃)ရက်နေ့တွင် ထပ်မံလျှောက်ထားကြောင်း၊ လျှောက်ထားသောနေ့ ဇန်န၀ါရီ(၁၂)ရက်နေ့သည် လုံခြုံရေးအရကန့်ကွက် ရမည်ဖြစ်ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးကပြောသည်။ (၁၃/၁၄)ရက်နေ့သည် နိုင်ငံတော်သမ္မတနှင့် သမ၀ါယမ ၀န်ကြီးတို့၏ လူထုတွေ့ဆုံပွဲရှိကြောင်းသိရှိရသည်။ ထို့ကြောင့် ဇန်န၀ါရီ(၁၅)ရက်နောက်ပိုင်းမှာ စုဝေးဆန္ဒဖော် ထုတ်ခွင့် ပြုလုပ်ရန်ထပ်မံ တင်မည်ဟုလျှောက်ထားသူ ဦးဌေးဝင်း က ပြောကြားသည်။ ``ဇန်န၀ါရီ(၁)ရက်နေ့က ကျွန်တော်တို့အဖွဲ့နဲ့ အခြားလူမှုရေး ကွန်ရက်တွေ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇန်န၀ါရီလ(၄)ရက်၊ လွတ်လပ်ရေးနံနက်ပိုင်းက ကျွန်တော်တို့ရုံးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သံဃာတော်(၅)ပါးကို အာရုံဆွမ်းကပ်လှူမယ်၊ နံနက်(၉)နာရီအချိန်မှာ ဒီရုံမှာကနေ တစ်ဦးချင်း မိမိတို့အစီအစဉ်နဲ့ ဆိုင်ကယ်တွေစီးပြီး လွတ်လပ်ရေးပန်းခြံထဲရှိ လွတ်လပ်ရေးကျောက်တိုင် ကိုအလေးပြုသွားကြမယ်၊ အဲဒီအလေး ပြုအစီအစဉ်ပြီးရင် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး တို့က ဆန္ဒပြခွင့်မပေးတဲ့အကြောင်း ငြင်းပယ်တဲ့အမိန့်စာ၊ အယူခံ အားပလပ်တဲ့ အမိန့်စာတွေနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ထံသို့ ထပ်မံလျှောက်ထားတဲ့စာကို ရှင်းလင်း ပြောပြပေးမှာပါခင်ဗျာ..။´´ ဟု လျှောက်ထား သူ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးထွန်းဦးခိုင်တို့က ဇန်န၀ါရီ(၃)ရက်နေ့တွင်ပြောသည်။
 

0 comments: