``မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်အား ကားလှူဒါန်းပွဲ´´

ဇန်န၀ါရီ(၁၄)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် မကွေးမြို့ မြို့ပတ်လမ်းရှိ မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းအတွင်း၌ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အား သံဃိကဒါနအဖြစ် ကားလှူဒါန်းပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါမော်တော်ယဉ် (MGY) RLG. 9909 TOYOTA LAND CRUISER 2003 Model အား ကျပ်(၂၇၅၉၇၀၀၀)သိန်း ဖြင့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးနှင့် ကောင်းမွန်ကုမ္ပဏီ မိသားစုတို့ မှ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် (အဆက်ဆက်)အား သံခိကဒါနအဖြစ် လှူဒါန်းကြောင်း သိရသည်။ အဆိုပါကားဝယ်ယူနိုင်ရန်အတွက် ယခင်ကမကွေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့အသုံးပြုခဲ့သော ဘ/၃၄၀၄ (TOYOTA WAGON) မော်တော်ယဉ်ဟောင်းအား ဖျက်သိမ်းအပ်နှံ၍ အစားတင်သွင်းကြောင်း သိရှိသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ(ဥက္ကဋ္ဌ မကွေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအသင်း) မှ လှူဒါန်းခဲ့သော မော်တော်ယာဉ်နှင်ပတ်သက်သော စာရွက်စာတမ်းများကို မကွေးတိုင်း ဒေသကြီးသာသနာရေးဦးစီးမှူးထံသို့ လွှဲပြောင်းပေးအပ်ကြောင်း သတင်းရရှိသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: