``မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ မကွေးတိုင်းဒေသကြီးသို့ ကွင်းဆင်းဆောင်ရွက်´´

ဇန်န၀ါရီ(၇)ရက်၊ နေ့လည်(၂ နာရီမှ ညနေ ၄ နာရီ)အချိန့်ခန့်တွင် မကွေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် နှင့် ဆပ်ကော်မတီအဖွဲ့ဝင်များသည် မကွေးတိုင် ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲမှုဆပ်ကော်မတီဝင်များ၊ စီမံကိန်းရေး ဆွဲရေးဦးစီးမှူး များနှင့် ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့်အစီရင်ခံစာ အပိုင်း(၁)(၂)(၃)နှင့် အပိုင်း(၃)နောက်ဆက်တွဲပါ မြေသိမ်းဆည်းမှုနှင့်သက်ဆိုင်သော ဌာန၊စက်ရုံ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၂၀)ဦးခန့် တက်ရောက်၍ တွေ့ဆုံညှိနှိုင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ မြန်မာပြည်တစ်လုံးမှ ရောက်ရှိနေသော တိုင်ကြား စာပေါင်း(၃၃၇၈)စောင်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ တိုင်ကြားစာ(၂၇၅)ဦးရှိကြောင်း သိရသည်။ မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီ ဥက္ကဋ္ဌ မှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေအသုံးချမှုဆိုင်ရာ စီမံခန့်ခွဲမှုဆပ်ကော်မတီရုံးများကို သီးခြားရုံးဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ တစ်ပတ်လျှင် တစ်ကြိမ်အစည်းအဝေးထိုင်ပြီး ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်မှ ပေးပို့သည့်အစီရင်ခံစာ အပိုင်း(၁)(၂)(၃)နှင့် အပိုင်း(၃)နောက်ဆက်တွဲပါ မြေသိမ်းဆည်းမှုနှင့်သက်ဆိုင်သော ဌာန၊စက်ရုံ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တိုင်ကြားသော တောင်သူများကို ခေါ်ယူရှင်းလင်းရမည်ဖြစ်ကြောင်း၊ တောင်သူများ ဘက်မှ လိုအပ်တဲ့ ဖြည့်စွက်ရန်ပုံစံများကို ရုံးမှာတစ်ထိုင်တည်းဖြည့်စွက် လက်မှတ်ထိုးခိုင်းရန်လိုအပ်ကြောင်း၊ ရုံးဆန်ဆန် တောင်သူများထံ ပုံစံစာရွက်တွေပေးထားပြီး ပြန်မရောက်သေးလို့ဆိုတာ မဖြစ်စေလိုကြောင်း၊မလာရောက်သေး သော တောင်သူများထံ ရုံးအဖွဲ့မှသွားရောက်ပြီး ခေါ်ဆောင်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။ ``ကျွန်တော်တို့ ဒီအစိုးရလက်ထက်မှာ မြေယာနဲ့ပတ်သက်တဲ့မှုခင်းကိစ္စများကို ပြီးပြတ်အောင် လက်ရှိမြေ အသုံးချထားတဲ့သူတွေကလဲ တရားဝင် မြေလွှဲမိတ္တူတွေနဲ့ပြည့်စုံအောင်လုပ်ထားရမယ်၊ ပြန်ပေးမယ် ဆိုတဲ့မြေများ ကိုလဲ မူလပိုင်ရှင်များထံ အမည်ပေါက်အောင်လုပ်ပေးရမယ်၊ အဲလိုမှ ပြတ်အောင်မလုပ်ခဲ့ရင် နောက်တစ်ခါ ဒီကိစ္စတွေကို ပြန်လည်ဖြေရှင်းနေရအုံးမယ်၊ ဒါကြောင့်လုပ်ငန်းတွေကို ပြီးပြတ်အောင် ဆောင်ရွက်ဖို့လိုပါတယ်´´။ ဟု ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က ပြောကြားသည်။
 

0 comments: