``မကွေးတိုင်းဒေသကြီးအတွင်း ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်းအဖွဲ့မှ ဘိန်းခင်းများ ရှာဖွေတွေ့ ၍ ဖျက်ဆီးကြောင်းသိရ´´

မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်ဇော်ခေါင်းဆောင်သော ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်းအဖွဲ့ စစ်ကြောင်းသည် ဇန်န၀ါရီ(၁၅)ရက်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင် မင်းလှမြို့နယ် ဇိုင်ပြားကျေးရွာ၌၎င်း၊ ဇန်န၀ါရီ(၁၆)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဇင်ဂေါင်ကျေးရွာသို့ရောက်ရှိပြီး လျှိုမြောင်များအတွင်း ဘိန်းခင်းများ ရှာဖွေခြင်း၊ နေ့လည်ပိုင်းတွင် ဇင်ဂေါင်ကျေးရွာမှ ရွာသူ ရွာသား(၁၅)ဦးတို့အား ဘိန်းမစိုက်ပျိုးရေး ပညာပေး ဟောပြောကြောင်း သတင်းရရှိသည်။ အလားတူ ဇန်န၀ါရီ(၁၆)ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်မှစတင်၍ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သက်လင်းဦး ဦးဆောင်သော ဘိန်းခင်းရှာဖွေဖျက်ဆီးရေးစစ်ကြောင်းအဖွဲ့ စစ်ကြောင်းသည် မင်းတုန်းမြို့နယ် ငကုန်းကျေးရွာ၊ အကူတဲတိုက်၊ ပဇင်းဝတဲတိုက်သို့ ရောက်ရှိပြီး ဘိန်းခင်းများကိုရှာဖွေခြင်း၊ ပဇင်းဝတဲတိုက် နှင့် စကူတဲတိုက်ရှိ ရွာသူ ရွာသားများ(၃၀)ဦးတို့ကို ဘိန်းမစိုက်ပျိုးရေး ပညာပေး ဟောပြောကြောင်း သတင်းရရှိသည်။ အလားတူ ဇန်န၀ါရီ(၁၆)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် ငဖဲမြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး ထွန်းစိုးသိန်း နှင့်အဖွဲ့သည် ငဖဲမြု့နယ် ထော်ဇာကျေးရွာ၍ ရွာသူ ရွာသား(၃၅)ဦးခန့်အား ဘိန်းမစိုက်ပျိုးရေး ပညာပေး ဟောပြောကြောင်း၊ ထို့နောက်ဆက်လက်ထွက်ခွာလာရာ နေ့လည်(၁)နာရီအချိန်ခန့်တွင် ထော်ဇာ ကျေးရွာအရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာတွင် ပထမဘိန်းခင်း(၂)ဧကခန့်ရှိ ဘိန်းပင်အမြင့်(၄)လက်မှ (၂)ပေခန့်ရှိ သီးပွင့်ဆဲ အခင်းတွေ့ရှိ၍ ဖျက်ဆီးခဲ့ကြောင်း၊ ဆက်လက်ရှာဖွေရာ ပထမဘိန်းခင်းနှင့်ကပ်လျှက်တွင် (၁)ပေခန့်အမြင့်ရှိဒုတိယဘိန်းခင်း(၁)ဧကအား၎င်း၊ ဒုတိယဘိန်းခင်း အနောက်တောင်ဘက်ကပ်လျှက်တွင် (၀.၁)ဧကရှိ (၁)ပေခန့်အမြင့်တတိယဘိန်းခင်း၊ ၎င်း၏အနောက်မြောက်ဘက် တစ်ဖာလုံအကွာခန့်တွင် ဘိန်းပင်အမြင့်(၄)ပေခန့်ရှိ သီးပွင့်ဆဲ စတုထ္ထဘိန်းခင်း၊ ၎င်း၏ အနောက်တောင်ဘက် တစ်ဖာလုံခန့်အကွာ ဘိန်းပင်အမြင့်(၄)ပေရှိ ပဉ္စမဘိန်းခင်း(၁)ဧက၊ ၎င်း၏အနောက်မြောက်ဘက်ကပ်လျှက် ဘိန်းပင်အမြင့်(၆)လက်မ ရှိ ရှင်သန်ဆဲ ဆဌမဘိန်းခင်း(၁)ဧက၊ ၎င်း၏အနောက်မြောက်ဘက်ကပ်လျှက် ဘိန်းပင်အမြင့်(၆)လက်မရှိ သတ္တမဘိန်းခင်း(၃)ဧက၊ ၎င်း၏အရှေ့တောင်ဘက်ကပ်လျှက် ဘိန်းပင်အမြင့်(၆)လက်မရှိ အဋ္ဌမဘိန်းခင်း(၀.၂) ဧက၊ ၎င်း၏ အရှေ့မြောက်ဘက်ကပ်လျှက် ဘိန်းပင်အမြင့်(၆)လက်မ မှ(၃)ပေအမြင့်ရှိ သီးပွင့်ဆဲ န၀မဘိန်း ခင်း(၀.၅)ဧက၊ ဘိန်းခင်း(၉)ခင်းအားဖျက်ဆီးပြီး ဇန်န၀ါရီ(၁၆)ရက်၊ ည(၇)နာရီအချိန်ခန့်တွင် နောင်ကျေးရွာသို့ ဆက်လက်ထွက်ခွာ၍ ညအိပ်ရပ်နားရန်စီစဉ်ခဲ့သော်လည်း ၎င်းရွာ၏ မြောက်ဘက်(၃)ဖာလုံ အကွာရှိ ဘိန်းပင် အမြင့်(၃)ပေခွဲခန့် သီးပွင့်ဆဲ ဒဿမဘိန်းခင်း(၈.၇)ဧက ကိုတွေ့ရှိ၍ ဖျက်ဆီးခဲ့ပြီး ည(၈)နာရီအချိန်ခန့်တွင် သပြေကျောကျေးရွာ၌ညအိပ်ရပ်နားကြောင်း၊ ငဖဲမြို့နယ်ခေတ္တရဲတပ်ဖွဲ့မှူး ဒုရဲမှူး ထွန်းစိုးသိန်း နှင့်အဖွဲ့သည် ငဖဲမြု့နယ်တွင်း၌ ဘိန်းခင်း(၁၀)ခင်းအား တွေ့ရှိ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ဇန်န၀ါရီ(၁၆)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် မျိုးမင်းအောင်နှင့်အဖွဲ့သည် စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းကျေးရွာနှင့် သက်ကယ်တောင်ကျေးရွာများသို့ သွားရောက်၍ ဘိန်းခင်းများရှိ/မရှိ ရှာဖွေကြောင်း၊ ည(၇)နာရီအချိန်တွင် သက်ကယ်ကျေးရွာရှိ ရွာသူ ရွာသားများအား မူးရစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာပေး ဟောပြောပွဲကျင်းပကြောင်း၊ သက်ဆိုင်ရာမှ သတင်းရရှိသည်။
 

0 comments: