
မင်းဘူး ဇန်န၀ါရီ ၃၁
မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ အမှတ်(၂၄)အခြေခံပညာ မူလတန်းလွန် ကျောင်း တွင် (၂၀၁၃-၂၀၁၄) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က ကျောက်တန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပရာ အခမ်းအနားတွင် မြို့နယ် ပညာရေးမှူး မှ အဖွင့်အမှာစကားပြောကြားပြီး၊ ကျေးရွာအုပ်ချုပ် ရေးမှူးမှ အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူ များမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား/သူကလေးများမှ အကအလှ ပဒေသာ အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူ များနှင့် ကျောင်းသားမိဘများ ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့ဝင်များ စုစုပေါင်း အင်းအား(၄၅၀)ဦးခန့်တက်ရောက် ခဲ့ကြောင်းသိရှိရသည်။
ချိုချိုဝင်း(ကျောက်တန်း)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
0 comments:
Post a Comment