``နိုင်ငံတော်သမ္မတ မကွေးခရီးစဉ်တွင် တစ်ကိုယ်တော်အော်ဟစ်၍ အကူအညီ တောင်းခံသူ ဒေါ်သန်းမြင့်အား သက်ဆိုင်ရာမှ ဖမ်းဆီးတရားစွဲဆိုခြင်းမပြု၊ ကူညီထောက်ပံ့ငွေပေးဟု သိရ´´

ဇန်န၀ါရီ(၁၆)ရက်နေ့ နံနက်(၉)နာရီ မှ(၁၀း၃၀)အချိန့်ခန့်တွင် မကွေးမြို့ မကွေးမြို့တော်ခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားမြှင့်တင်ရေးအခမ်းအနားအပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့ သမ၀ါယမ စက်ပစ္စည်းများအရောင်းပြခန်းအား လှည့်လည်ကြည့်ရှုနေစဉ် အမျိုးသမီးတစ်ဦးမှ `သမ္မတကြီး ငါးမိနစ်ခန့်တွေ့ခွင့်ပြုပါ.. အနိုင်ကျင့်ခံရလို့ပါ´အကြိမ်ကြိမ်အော်ဟစ်၍ ခွင့်တောင်းကြောင်းသတင်းရရှိသည်။ သူမအား တရားစွဲဆိုခြင်း ဖမ်းဆီးခြင်းမရှိသည့်အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမင်းယုရှိန် က ငွေငါးသောင်းကျပ် ထောက်ပံ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ သူမတို့၏ အိမ်ဝိုင်း အမှုကိစ္စအား ပြန်လည်စီစစ်ဆောင်ရွက်နေကြာင်း၊ သူမတို့နေထိုင်ခဲ့သော အိမ်ဝိုင်း၏မြေဂရံအား ဒေါ်တင်တင် နာမည်ဖြင့် လိမ်ညာပြီး ထုတ်ယူခြင်းကို မကွေးမြို့မရဲစခန်းတွင် အမှုဖွင့်ရန် တိုင်ကြားထားကြောင်း၊ ဆရာမကြီး ဒေါ်သန်းမြင့်(ခ) ဒေါ်လာလီး က ပြောသည်။ သူမတို့၏ အိမ်ဝိုင်းအား ဒေါ်တင်တင်(တောင်တွင်းကြီး)ထံမှ အလှူခံ၍ ရယူထားသော မကွေးဂျာမေးဗလီ အဖွဲ့မှလည်း ၎င်းတို့ပြီးဆုံးသွားခဲ့သော (ဇာရီ)အိမ်ဝိုင်းအမှုနှင့် ပတ်သက်၍ ခိုင်လုံသောအထောက်အထားများဖြင့် ဖြေရှင်းဆောင်ရွက်သွားမည်ဟု မကွေးဂျာမေးဗလီ ဥက္ကဋ္ဌ ဦးတင့်ဇော် မှ ဇန်န၀ါရီ(၁၇)ရက်နေ့က ပြောသည်။
 

0 comments: