``မကွေးမြို့လွတ်လပ်ရေးပန်းခြံ လွတ်လပ်ရေးကျောက်တိုင်သို့ ကျောင်းသားများသမဂ္ဂအဖွဲ့၊ မြစ်ကွေ့ဧရာလူမှုကွန်ရက် နှင့် (၈၈)မျိုးဆက်အဖွဲ့(မကွေး)တို့ ချီတက်အလေးပြု´´

ဇန်န၀ါရီ(၄)ရက် လွတ်လပ်ရေးနေ့ နံနက်(၉း၃၅)နာရီအချိန်ခန့်တွင် မကွေးမြို့ စိုးကောမင်းရပ်ကွက် ဗိုလ်ချုပ်လမ်း၊ လွတ်လတ်ရေးပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်သို့ မကွေးမြို့တက္ကသိုလ်ပေါင်းစုံ ကျောင်းသား များသမဂ္ဂအဖွဲ့၊ မြစ်ကွေ့ဧရာလူမှုကွန်ရက် နှင့် (၈၈)မျိုးဆက်အဖွဲ့(မကွေး)တို့ ချီတက်အလေးပြုကြောင်း သတင်းရရှိသည်။ အဆိုပါချီတက်အလေးပြုပွဲသို့ မကွေးမြို့ ရွာသစ်ရပ်ကွက် ၁၅လမ်း (၈၈)မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံး မှ လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြီး စုရပ်ပြုလုပ်၍ လွတ်လပ်ရေး ကျောက်တိုင်သို့ ချီတက်အလေးပြုကြောင်းသိရသည်။ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှ ဦးဆောင် ၍ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၊ မကွေးမြစ်ကွေ့ဧရာလူမှုကွန်ရက်အဖွဲ့နှင့် (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)အဖွဲ့ စုစုပေါင်းအင်အား(၃၀)ခန့် ချီတက်အလေးပြုကြောင်း သိရသည်။ ``ကျွန်တော်တို့အဖွဲ့က မနှစ်ကစပြီး လွတ်လပ်ရေးကျောက်တိုင်ကိုချီတက်အလေးပြုပါတယ်။ ယနေ့ကောဆိုရင် နှစ်ကြိမ်ရှိပါပြီ၊ ဒီလိုမျိုးလွတ်လပ်ရေးနေ့ကြီးမှာ ကျွန်တော်တို့လိုဘဲ တစ်မြို့လုံးရှိ ပြည်သူလူထုတွေက အုန်းအုန်း ကျွက်ကျွက်စည်စည်ကားကား ချီတက်အလေးပြုစေချင်ပါတယ်၊ ဒီလိုအစဉ်အလာကောင်းတွေ ကွယ်ပျောက်နေ တာကြာခဲ့ပါပြီ..´´ ဟု ဆေးတက္ကသိုလ်ကျောင်း သားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုထက်ထက်ဇော် ကပြောသည်။
 

0 comments: