

၂၀၁၄၊ ဇန်န၀ါရီ(၄)ရက်၊ နံနက်(၄)နာရီမှ (၄း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ အောင်ချမ်းသာရပ်ကွက် ပြည်တော်သာလမ်း၊ မကွေးတိုင်းအားကစားကွင်း၌ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအလံတင်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လင်းအောင်နှင့် ၀န်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများ၊ သူနာပြု သင်တန်းကျောင်း၊ ပညာရေးကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်၍ အလံတင် အခမ်းအနားကျင်းပကြောင်း သိရသည်။


၎င်းနောက် ဒုတိယအခမ်းအနား နံနက်ပိုင်(၇)နာရီမှ(၇း၃၀)အချိန်ခန့်တွင် (၆၆)နှစ်မြောက်လွတ်လပ်ရေး နေ့ သ၀ဏ်လွှာဖတ်ကြားပွဲ အခမ်းအနား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး၊ ၀န်ကြီးများ၊ တပ်မတော်စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုပ်သားပြည်သူများ စုစုပေါင်းအင်အား(၁၅၀၀)ဦး ခန့်တက်ရောက်ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတပေးပို့သည့်(၆၆)နှစ်မြောက်လွတ်လပ်ရေး နေ့ သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီး ၀န်ကြီးဦးဘုန်းမော်ရွှေက ဖတ်ကြားခြင်း၊ သစ္စာအဓိဌာန်(၄)ရွတ်ဆိုခြင်း၊ တပ်မတော်စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့မှ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်အား သေနပ်မြှောက် အလေးပြုခြင်း၊ နိုင်ငံတော်အလံ အားအလေးပြုခြင်း၊ ကျဆုံးလေပြီး သော တပ်မတော်သားများအား အလေးပြုခြင်းများ ပြုလုပ်ကျင်းပကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment