
မကွေး ဇန်န၀ါရီ ၂၉
မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင် (SCVG) လူမှုစောင့်ရှောက်ရေးစေတနာဝန်ထမ်းအဖွဲ့ မှ ဦးဆောင်ကျင်းပပြုလုပ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို စင်ထရယ်(လ်)တည်ခိုးခန်းရှိ ခန်းမတွင် ဇန်န၀ါရီလ(၂၉)ရက် နံနက်(၉)နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးမြို့ပေါ်ရှိ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်များ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စိတ်ပါဝင်စားသူများ အင်အား(၃၀)ဦးခန့်တက်ရောက် ဆွေးနွေး ခဲ့သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲမှ ကလေးအခွင့်အရေးနှင့်ပတ်သက်သောအသိပညာများ စနစ်တကျ သိရှိစေရန်နှင့် ဆင့်ပွား ပညာပေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊လမ်းပျော်ကလေးငယ်မှစ၍ ကလေးငယ်များ၏ အခွင့်အရေးများကို ရရှိ ခံစားနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကို ဇန်န၀ါရီလ(၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
ညီညီမောင် (IPRD)
သတင်းပေးပို့/ရိုက်ကူသူ ဦးညီညီမောင်(ဓါတ်ပုံ-၂)
0 comments:
Post a Comment