``မြိတ်မြို့အကျဉ်းထောင်မှ လွတ်မြောက်လာသော ဘင်္ဂါလီ(၅၁)ဦးနှင့် ဘင်္ဂလားဒေ့နိုင်ငံသား(၂)ဦးတို့ကို မကွေးတိုင်းဒေသကြီးမှ တဆင့် နေရပ်သို့ ပြန်ပို့´´

ဇန်န၀ါရီ(၁၆)ရက်နေ့ နံက်(၄)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကြို့ပင်ကျေးရွာ နယ်စပ်သို့ မြိတ်မြို့အကျဉ်းထောင်မှ ဇန်န၀ါရီ(၁၃)နေ့၌ လွတ်မြောက်လာသော ဘင်္ဂါလီ(၅၁)ဦးနှင့် ဘင်္ဂလားဒေ့နိုင်ငံ သား(၂)ဦးတို့ကို ပို့ဆောင်ရေးအဖွဲ့နှင့် ရောက်ရှိလာကြောင်း သတင်းရရှိသည်။ မြိတ်မြို့အကျဉ်းထောင်မှ ဇန်န၀ါရီ(၁၃)နေ့၌ လွတ်မြောက်လာသော ဘင်္ဂါလီလူမျိုး မာမောက်(၂၄)နှစ်၊ (ဘ)ဦးဆောင်၊ ဥယျာဉ်သာကျေးရွာ၊ အမ်ဘာရီအုပ်စု၊ စစ်တွေမြို့နယ်၊ ရခိုင်ပြည်နယ်၊ ပါ ဘင်္ဂါလီလူမျိုး(၄၇)ဦး နှင့်အတူ ရင်ခွင်ပိုက်ကလေး(၄)ဦးတို့ဖြစ်ကြောင်း၊ ဇန်န၀ါရီ(၃)ရက်နေ့တွင် ဖျာပုံအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်း သာခွင့်ဖြင့် လွတ်မြောက်လာသော ဘင်္ဂလားဒေ့နိုင်ငံသား လိုကမန်ဟာကိမ်း(၂၇)နှစ်၊ (ဘ)ဦးအဗ္ဗဒူရုက္ကူး၊ ဟန်ရိုပါလာကျေးရွာ ပါ ဘင်္ဂလာဒေ့နိုင်ငံသား(၂) ဦးတို့ဖြစ်ကြောင်း၊ ၎င်းတို့(၅၃)ဦးအား ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်မြင့်ဦးပါ(၇)ဦးတို့ လုံခြုံရေးလိုက်ပါလျှက် ယာဉ်မောင်း ဦးကျော်ကျာ်နှင့် ဦးမြင့်အောင်တို့ မောင်းနှင်လာသော ကောင်တာကား ၄ခ/၉၅၆၆၊ လိုက်ထရပ်ကား ၈ဃ/၇၃၉၀ နှစ်စီးဖြင့် ဇန်န၀ါရီ(၁၆)ရက်နေ့ နံက်(၄)နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကြို့ပင်ကျေးရွာ နယ်စပ်သို့ ရောက်ရှိလာကြောင်း၊ ကံမမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ၀င်းကျော်နှင့်(၆)ဦး လုံခြုံရေးအဖွဲ့မှ လွှဲပြောင်းလက်ခံ၍ ဆက်လက်ထွက်ခွါပို့ဆောင်ကြောင်း သိရသည်။ ၎င်းတို့အား ပုသိမ်-မုံရွာကားလမ်းအတိုင်းဆက်လက်ထွက်ခွာလာရာ ညနေ(၄)နာရီအချိန်တွင် ငဖဲမြို့နယ် ပဒါန်းလမ်းဆုံသို့ရောက်ရှိလာကြောင်း၊ ချောက်မြို့နယ်(လ၀က)မှူး ဦးဇော်ရာပါ(၃)ဦးထံလွှဲပြောင်းပေးအပ်ခဲ့ပြီး ပဒါန်းရဲကင်းစခန်းမှူး ဒုရဲအုပ် ၀င်းစိုးပါ(၆)ဦးတို့ လုံခြုံရေးလိုက်ပါ၍ ယာဉ်မောင်း ဦးကျော်သန်းဦး (လိုက်ထရပ်) ၈စ/၉၃၄၆၊ ယာဉ်မောင်း ကားများနှင့် ရခိုင်ပြည်နယ် အမ်းမြို့သို့ပို့ဆောင်ကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

0 comments: