လက်ကျန်နိုင်ကျဉ်းများ လွှတ်ပေးရေး ချောက်မှ စစ်တွေ ဦးဥတ္တမပန်းခြံအထိ အစာငတ်ခံ လမ်းလျှောက်နေသည့် ဆရာတော် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ
Written by ဝိုင်းအောင်
• Print
• Email
မကွေး၊ မဇ္ဈိမ ။ ။ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၄ ယောက် လွတ်မြောက်ရေးအတွက် မကွေးတိုင်း၊ ချောက်မြို့မှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြနေသော ဆရာတော် ဦးရက္ခဝံသည် မကွေးမြို့ရောက်စဉ် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟု ဒေသခံများက ဇန်နဝါရီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။
ဇန်နဝါရီ ၇ ရက် ည ၉ နာရီတွင် မကွေးမြို့သို့ ရောက်ရှိရာ မကွေးမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးထွေးကိုက တရားလိုပြုလုပ်ကာ (ပ) ၂/၂ဝ၁၄ ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ ပုဒ်မ(၁၈)ဖြင့် တရားစွဲဆိုလိုက်သည်ဟုလည်း မကွေးရဲစခန်းက အတည်ပြုသည်။
ဆရာတော် ဦးရက္ခဝံသက "ဦးဇင်းအနေနဲ့ ဆန္ဒပြတာမဟုတ်ပါ။ လက်ကျန်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် လွှတ်ပေးရန်
မေတ္တာပို့ဆုတောင်းခြင်း ဖြစ်ပါတယ်။ အစာငတ်ခံတယ်ဆိုတာ ဟုတ်ပါတယ်၊ ဆွမ်းမစားပါဘူး၊ အရည်နဲ့ ဆေးဝါးများကိုသာ ဘုန်းပေးပါတယ်။ သူတို့တရားစွဲတယ်ဆိုတာ ဦးဇင်းဆီကို ယခုထိ ဘာမှအကြောင်း မကြားသေးပါဘူး။ ဦးဇင်းအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်အောင် မေတ္တာပို့ဆုတောင်း လမ်းလျှောက်ခြင်းဖြစ်တဲ့အတွက် ဦးဇင်းကို တရားစွဲလို့ မရဘူးလို့ထင်ပါတယ် ဒကာတော်"ဟု မဇ္ဈိမကို ဇန်နဝါရီ ၈ ရက် ညပိုင်းက တယ်လီဖုန်းမှတစ်ဆင့် မိန့်ကြားသည်။
သက်တော် ၅၃ နှစ် ဝါတော် ၁၆ ဝါရှိ ဆရာတော် ဦးရက္ခဝံသ သည် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ မကွေးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ကြောင်း အမှုတွဲ၌ ဖော်ပြထားသည်။
ဆရာတော်သည် ချောက်မြို့နယ် ဂွေးပင်ကျေးရွာမှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံသို့ တစ်ကိုယ်တော်ခြေလျှင်လျှောက်ပြီး လက်ကျန်နိုင်ငံရေး အကျဉ်းသား ၃၄ ယောက်ကို မလွှတ်မချင်း ချီတက်ဆန္ဒပြနေရာ ဇန်နဝါရီ(၈) ရက် နံနက် (၆) နာရီတွင် မကွေးမြို့မှ ဆက်လက် ထွက်ခွာသွားသည်။ ထိုနေ့ည၌ မကွေးမြို့နယ် စိုင်ကျကျေးရွာတွင် ညအိပ်ကြိမ်းစက်ပြီး ဆရာတော်၏ နောက်ပါးမှ မကွေးတိုင်း NLD ဥက္ကဋ္ဌ ဦးသိန်းဇော်အဖွဲ့နှင့် ၈၈မျိုးဆက်ကျောင်းသား (မကွေး) အဖွဲ့တို့မှ ဝိုင်းရံလှူဒါန်းကူညီကြကြောင်း ဒေသခံများက
ပြောသည်။
Artikel လက်ကျန်နိုင်ကျဉ်းများ လွှတ်ပေးရေး ချောက်မှ စစ်တွေ ဦးဥတ္တမပန်းခြံအထိ အစာငတ်ခံ လမ်းလျှောက်နေသည့် ဆရာတော် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ ini dipublish oleh shwelannwelanwinkyi pada hari Wednesday, January 8, 2014. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan လက်ကျန်နိုင်ကျဉ်းများ လွှတ်ပေးရေး ချောက်မှ စစ်တွေ ဦးဥတ္တမပန်းခြံအထိ အစာငတ်ခံ လမ်းလျှောက်နေသည့် ဆရာတော် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment