``(၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မကွေးမြို့နယ် NLDပါတီမှ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ´´

ဇန်န၀ါရီ(၄)ရက်၊ နေ့လည်(၂ နာရီမှ ညနေ ၄း၃၀)နာရီအချိန်ထိ မကွေးမြို့ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ မကွေးမြို့နယ် NLDပါတီရုံးတွင် NLD လူငယ်ညီလာခံကျင်းပရေးကော်မရှင်မှ ကြီးမှူးကျင်းပ၍ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းNLD ဗဟိုကော်တီဝင်များ၊ ခရိုင်လူငယ်ညီလာခံကော်မရှင်ကျင်းပရေး ဥက္ကဋ္ဌ ဦးရဲတင့်၊ မကွေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်း နှင့် အလုပ်အမှုဆောင်များ၊ လူငယ်ပါတီဝင်များ နှင့် ပါတီဝင်မဟုတ်သော တက္ကသိုလ်အသီးသီးမှ ကျောင်းသား ကျောင်းသူလူငယ်များ စုစုပေါင်းအင်အား(၆၀)ကျော်ခန့်တက်ရောက်ကြသည်။ (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲသို့ စာရေးဆရာ ကဗျာဆရာ မောင်ပင်နီ(ကျေးလက်) က` အမေ´ ကဗျာဖြင့် စတင်ဖွင့်လှစ်သည်၊ မကွေးမြို့နယ် NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး မှ နိုင်ငံသားနှင့် နိုင်ငံရေးအကြောင်းပြောဆို၍ ကဗျာဆရာ ဖျာပုံ-နီလုံဦး ၏ ကမ္ဘာ့နေရာ ကဗျာကို ရွတ်ဆိုကြောင်း၊ ဒု ဥက္ကဋ္ဌ ဒေါ်စန္ဒာဝင်းမှ လွတ်လပ်ရေးနေ့ အကျဉ်းပြောသည်။ မကွေးမြို့နယ်NLDပါတီ လူငယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဌေး က `လူငယ်နှင့်အနာဂတ်အကြောင်းပြောသည်။ လူငယ်ညီလာခံကျင်းပရေး ကော်မရှင် အတွင်းရေးမှူး ဒေါ်ခင်ချိုလတ် က ကျပန်းစကားပြောပြိုင်ပွဲ၏ ခေါင်းစဉ်များနှင့် အမှတ်ပေး စည်းမျဉ်း စည်းကမ်းများကိုပြောကြားသည်။ ကျပန်းစကားပြောပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ်(၁၂)ဦးစာရင်းပေး၍ အုပ်စုတစ်စုလျှင်(၄)ဦးစီဖြင့် A,B,C သုံးအုပ်စုခွဲပြီး တစ်ဦးလျှင်(၅)မိနစ်ပြောခွင့်ပြုကြောင်း၊ ပေးထားသော ခေါင်းစဉ်(၅)ခုထဲမှ မဲနှိုက်၍ မဲကျသော ခေါင်းစဉ်အား အုပ်စုလိုက်ပြောခွင့်ပြုကြောင်းသိရသည်။ A အုပ်စုတွင် မောင်ချမ်းမြေ့မိုး(ဘူမိဗေဒဂုဏ်ထူးတန်း)၊ မောင်နွေဦးကိုကို(NLDလူငယ်)၊ မမြသန္တာ(ဒုတိယနှစ်ပထ၀ီ)၊ မောင်ထိုက်အောင်(ဒုတိယနှစ် GTU)(၄)ဦးတို့မှ `ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းများ´ ခေါင်းစဉ်ဖြင့် ပထမဆုရရှိကြောင်း၊B အုပ်စုတွင် မောင်မောင်စိုးလွင်(မကွေး GTU)၊ မောင်ကျော်(မကွေး GTU)၊ မောင်ပြည့်ဖြိုးကျော်(NLDလူငယ်)၊ မဥမ္မာ (NLD လူငယ်) (၄)ဦးတို့မှ `လူငယ်နှင့်နိုင်ငံရေး´ခေါင်စဉ်ဖြင့် ဒုတိယဆု ရရှိကြောင်း၊ C အုပ်စုတွင် မသန္တာအောင် (ပထမနှစ် ပထ၀ီ)၊မောင်မျိုးမင်းထိုက်(မြို့ပြ)၊ မောင်ချစ်ဝင်းမောင်(မကွေး GTU)၊ မောင်မုန်းအားမာန်(အင်္ဂလိပ် စာဘွဲ့) (၄)ဦးတို့ မှ `နိုင်ငံရေးအမြင်´ခေါင်းစဉ်ဖြင့် တတိယဆု ရရှိကြောင်း သတင်းရရှိသည်။
 

0 comments: