``မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း)အဖွဲ့မှ နိုင်ငံရေးအကျဉ်းသားများ စာရင်းကောက်ယူ´´

ဇန်န၀ါရီ(၂၇)ရက် နံနက်(၁၁း မှ၁၂း)နာရီအချိန်ခန့်တွင် မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်း မကွေးမြို့ နယ်NLD ပါတီရုံး၌ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(နိုင်/ကျဉ်း)ရန်ကုန်မှ နိုင်ငံရေးအကျဉ်းသား များ စာရင်းကောက်ယူကြောင်း၊၎င်းလုပ်ငန်းအား နိုင်/ကျဉ်းအဖွဲ့နှင့် AAPPအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြောင်း၊ ရည်ရွယ်ချက်မှာ နိုင်ငံရေးအကျဉ်းသာများအား သမိုင်းဝင် မှတ်တမ်းပြုစုခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(နိုင်/ကျဉ်း)ရန်ကုန်မှ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးညွန့်ဝေ(ခ) အောင်သူ အား မကွေးတိုင်းဒေသကြီး NLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်နှင့် ရောက်ရှိရာဒေသ မြို့နယ် NLDပါတီရုံးများက အကူအညီပေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ကူညီရန်NLDပါတီ(ဗဟို)၏ မူဝါဒတစ်ခုဖြစ်ကြောင်း၊ ဦးနေမျိုးကျော်က ပြောသည်။ ``ဇန်န၀ါရီ(၁၄)ရက်နေ့က စတင်ပြီး မကွေးတိုင်းအတွင်းမှာ နိုင်ငံရေးအကျဉ်းသားများရဲ့ စာရင်းကောက်ယူဖို့ မကွေးတိုင်းတာဝန်ခံအဖြစ် လာရောက်ခဲ့ပါတယ်။ ဇန်န၀ါရီ(၁၆)ရက်မှ(၂၂)ရက်နေ့အထိ သရက်ခရိုင် သရက်မြို့၊ (၂၆)ရက်နေ့ မင်းဘူးခရိုင်၊ စကုမြို့၊ (၂၇)ရက်နေ့ မကွေးခရိုင် မကွေးမြို့၊ (၂၈)ရက်နေ့ ရေနံချောင်းမြို့၊ (၂၉)ရက်နေ့ ချောက်မြို့၊(၃၀)ရက်နေ့ ပခုက္ကူခရိုင် ပခုက္ကူမြို့ နဲ့ ဂန့်ဂေါခရိုင် တို့ကို ဆက်လက်သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများစာရင်းကောက်ယူဖို့ လျှောက်လွှာပုံစံများ ဖြန့်ဝေပေးနေပါတယ်၊ အခြားကျန်တဲ့ မြို့တွေက နိုင်/ကျဉ်းများအနေနဲ့ ကျွန်တော့်ဆီကို၎င်း နိုင်/ကျဉ်း ရန်ကုန်ရုံးသို့၎င်း ဆက်သွယ်စာရင်းပေးကြရန် မေတ္တာရပ်ခံပါတယ်ခင်ဗျာ..။´´ဟု (နိုင်/ကျဉ်း)ရန်ကုန်မှ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဦးညွန့်ဝေ(ခ) အောင်သူ က ပြောသည်။ ဆက်သွယ်ရန် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(နိုင်/ကျဉ်း)ရန်ကုန်ရုံးချုပ် ဦးအောင်မျိုး(ခ)ပွကြီး ဖုန်း ၀၉-၄၂၈၁၁၇၃၄၈ / ၂၅၀၅၀၃၃၆၈၇ နှင့် မကွေးတိုင်းတာဝန်ခံ ဦးညွန့်ဝေ(ခ)အောင်သူ ဖုန်း ၀၉-၄၀၁၆၂၇၂၃၉ ဖြစ်ကြောင်း သတင်းရရှိသည်။
 

0 comments: