``မကွေးမြို့ စိုးကောမင်းရပ်ကွက် လမ်းငါးသွယ် အဆင့်မြင့် သုံးထပ်ဈေးသစ်ဖွင့်လှစ်´´

ဇန်န၀ါရီ(၄)ရက်၊ နံနက်(၈း၃၀)နာရီအချိန်တွင် (၆၆)နှစ်မြောက်လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအား ဖြင့် မကွေးမြို့ စိုးကောမင်းရပ်ကွက် လမ်းငါးသွယ် အဆင့်မြင့် သုံးထပ်ဈေးဖွင့်လှစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါအဆင့်မြင့်သုံးထပ်ဈေးသစ်ဖွင့်လှစ်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော် ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီး အကဲများ၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန ဆရာ ဆရာမများ၊ ဘင်ခရာတပ်ဖွဲ့ကျောင်းသား ကျောင်းသူများ နှင့် မြို့မိမြို့ဖများ စုစုပေါင်းအင်အား (၂၀၀)ကျော်ခန့်တက်ရောက်ကြောင်း၊ အဆိုပါသုံးထပ်ဈေးသစ်ကြီးမှာ အလျား (၇၀)ပေ၊ အနံ(၃၆)ပေ၊ RCသုံးထပ် ဆောက်လုပ်ထားကြောင်း၊ ဆိုင်ခန်းပေါင်း(၁၄)ခန့်ရှိပြီး ကုန်ကျငွေမှာ ငွေကျပ်(၂၄၂၀)သိန်းကုန်ကျ ခံ၍(၄-၉-၂၀၁၃)နေ့က စတင်ဆောက်လုပ်ခဲ့ကြောင်း၊ မြေညီထပ်ဆိုင်ခန်းပေါင်း (၆)ခန်းအား ဆိုင်ခန်းတစ်ခန်း တန်ဘိုးငွေကျပ်သိန်း(၃၀၀)၊ ဒုတိယထပ်ဆိုင်ခန်း(၆)ခန်းအား တစ်ခန်းလျှင် ငွေကျပ်သိန်း(၂၀၀) နှင့် တတိယထပ် တွင် ဆိုင်ခန်း(၂)ခန်းရှိပြီး တစ်ခန်းတန်းဘိုးငွေကျပ်သိန်း(၄၀၀) ဖြင့် ဆိုင်ခန်းအားလုံးကို ရောင်းချပေးပြီးဖြစ် ကြောင်း၊ ဤဈေးသစ်ကြီးသည် မကွေးမြို့လယ်အချက်အခြာကျပြီး တစ်နေရာတည်းမှာ ဘဏ်၊ အင်တာနက် ကွန်ပျူတာဆိုင်များ၊ ပလက်တီနန်ရွှေဆိုင်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် အပေါ်သုံးထပ်တွင် သီးခြားဘားခန်းဆိုင်၊ စားသောက်ဆိုင် များရှိကြောင်း မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကပြောသည်။
 

0 comments: