လွတ်လပ်ရေးနေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ပွင့်ဖြူ ဇန်န၀ါရီ ၃ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၄)အထည်စက်ရုံ (ပွင့်ဖြူ) ၀န်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ဇန်န၀ါရီလ(၃)ရက်နေ့ နံနက်(၁၀)နာရီ က မကွေးမြို့ တိုင်းဒေသကြီးပြည်သူ့ဆေးရုံ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ကျင်းပရာ ဦးသန့်ဇင်အောင်၊ဒု-အထွေထွေမန်နေဂျာ(စီမံခန့်ခွဲရေး) အမှတ်(၄) အထည်စက်ရုံ(ပွင့်ဖြူ) ဦးဆောင်သော သွေးလှူရှင် စေတနာရှင်(၅၀)ဦး မှ ပထမအကြိမ် စုပေါင်း သွေးလှူဒါန်းခဲ့သည်။(ပုံ) အဆိုပါသွေးလှူရှင်များအဖွဲ့သည် စေတနာရှင်ဝန်ထမ်း(၂၀၀)ဦးစုဖွဲ့၍ တစ်လလျှင်(၅၀)ဦး နှုန်းဖြင့် (၄)လတစ်ကြိမ်စီ လစဉ်ပုံမှန် သွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး သတင်းရိုက်ကူးပေးပို့သူ - ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: