``မကွေးမြို့ ဟော်တယ်တစ်ခု၌ ပူဇော်ထားသော ကြေးဆင်းတုမှ ဘယ်ဖက်မျက်လုံးပွင့်´´

ဇန်န၀ါရီ(၂၉)ရက် နံနက်(၆း၄၅)နာရီအချိန်တွင် မကွေးမြို့ ရန်နိုင်ရပ်ကွက် မြို့ပတ်လမ်းရှိ ဖန်းခါးမြေ ဟော်တယ် ဧည့်ခန်းမှာ ပူဇော်ထားသော အမြင့်ဉာဏ်တော်(၁၁)လက်မ ရှိ ကြေးဆင်းတု (တင်ပလ္လင်ခွေ) ဘုရားဆင်းတု၏ ဘယ်ဖက်မျက်လုံးတော်တစ်ဖက်ပွင့်နေကြောင်း သတင်းရရှိသည်။ ``ကျွန်တော့်နာမည်ကိုအောင်ပါ။ ဒီဟော်တယ်က ၀န်ထမ်းပါ။ နံနက်(၆း၄၅)နာရီမှာ ဒီဧည့်ခန်းက ဘုရားဆင်းတုတော်ကို ပန်းရေချမ်းကပ်ရင်း ဘုရားဆင်းတုရုပ်ပွားတော်ရဲ့ဘယ်ဖက်မျက်လုံးတစ်ဖက်ပွင့်နေတာ ကို တွေ့မြင်ရပါတယ်။ ညက ဒီဘုရားရုပ်ပွားတော်ကို ကြေးဆင်းတုအရောင်တင်ပေးခဲ့တာပါ၊ ညကတော့ လုံးဝမပွင့်သေးပါဘူး၊မန်နေဂျာကြီးကိုစိုးမြင့်အောင်ထံ ကို သတင်းပို့ပြီး ယခုပြင်ဘက်မှာကပ်ထားတဲ့ဓာတ်ပုံမှတ် တမ်းရိုက်ပါတယ၊် အဲဒီနောက် ယခုလို လူတွေဝိုင်းပြီး ဆင်းတုတော်ကို လာရောက်ဖူးကြတယ်၊ ဖုန်းတွေနဲ့ မှတ်တမ်းဓာတ်ပုံရိုက် နေကြပါတယ်..။´´ဟု ဟော်တယ်ဝန်ထမ်း ကိုအောင် က ပြောသည်။ ၎င်းဆင်းတုတော်အား ၂၀၀၃ ခုနှစ် သီတင်းကျွတ်လ မြသလွန်ဘုရားပွဲတော်မှ ၀ယ်ယူပင့်ဆောင်ပူဇော်ခဲ့ ကြောင်း၊ယနေ့ ဖြစ်စဉ်အား မကွေးမြို့နယ်မှ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေး သွားကြောင်း ၎င်းဟော်တယ်ဝန်ထမ်းက ပြောသည်။
 

0 comments: