မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင် နှင့် မင်းဘူးခရိုင် အတွင်းရှိစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်



သြဂုတ် ၁၅၊ မကွေး
          
 မကွေးမြို့ ပြည်တော်သာရပ်ကွက်၊ အထက(၁)လမ်းရှိ မြို့တော်ခမ်းမတွင် သြဂုတ် ၁၅ ရက် နံနက် ၉နာရီမှ ၁၀ နာရီအချိန်ခန့်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် က မကွေးခရိုင်၊ ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါခရိုင် နှင့် မင်းဘူးခရိုင် အတွင်းရှိစေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ထောက်ပံ့ငွေများပေးအပ်ကြောင်း သတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီး များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊သဘာဝဘေးအန္တရာယ်လျော့ပါးရေး (နည်းပြသင်တန်း)သို့ တက်ရောက်ကြမည့် လူမှုစောက်ရှောက်ရေး စေတနာဝန်ထမ်းလူငယ် တစ်ရာနှစ်ဆယ် နှင့် ဖိတ်ကြားထားသော ဧည်သည်များ  အင်အား ၅၅၀ ဦးခန့်တက်ရောက်ကြောင်းသိရသည်။


          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တို့မှ အမှာစကား ပြောကြား၍ သက်ဆိုင်ရာ ငါးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းအသီးသီးတို့ကို ထောက်ပံ့ငွေများ  စုစုပေါင်းငွေကျပ်(၇၃၄၇၅၀၀၀) ခုနှစ်ရာသုံးဆယ့်လေးသိန်း၊ ခုနှစ်သောင်းငါထောင်ကျပ် ပေးအပ်ကြသည်။ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကိုယ်စား ဆားစည်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမောင် က ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပထမပိုင်းအစီအစဉ်ကို ၉း၅၀နာရီတွင်ပြီးကြောင်းသိရ၏။

          အခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို နံနက်(၉း၅၀)နာရီမှ နေ့(၁၀း၃၀)နာရီအချိန်အထိ ဆက်လက် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များ နှင့်သဘာဝဘေး အန္တရာယ်လျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ( နည်းပြ) သင်တန်း ၁၃/၂၀၁၄ ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပကြောင်းသိရသည်။ 

          ၎င်း အခမ်းအနားတွင်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော် ရွှေ တို့မှ အမှာစကား ပြောကြား၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးကြည်က  လူမှုစောင့်ရှောက်ရေး စေတနာဝန်ထမ်းလူငယ်များ(နည်းပြ) သင်တန်း ဖွင့်လှစ်ရခြင်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ကိုယ်စား ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့အေး က သဘာဝဘေးအန္တရာယ်လျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ်များ( နည်းပြ) သင်တန်းဖွင့်လှစ် ရခြင်းကို ဆက်လက်ရှင်းလင်းတင်ပြသည်။

          လူမှုစောင့်ရှောက်ရေး စေတနာဝန်ထမ်းလူငယ်များ(နည်းပြ) သင်တန်းတွင် သင်တန်းသား ခြောက်ဆယ် ဦးအား သြဂုတ် ၁၅ မှ ၂၁ ရက်နေ့အထိ (၇)ရက်တိတိ၊  မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခမ်းမတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ်များ( နည်းပြ) သင် တန်းတွင် သင်တန်းသား ခြောက်ဆယ်ဦးကို သြဂုတ် ၁၅ မှ ၂၁ ရက်နေ့အထိ (၇)ရက်တိတိ၊ မကွေးမြို့နယ် သမ၀ါယမ သင်တန်းကျောင်း ခန်းမ၌လည်းကောင်း သင်တန်းများ ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: