``မကွေးတိုင်းဒေသကြီးစည်ပင်သာယာ၏ တတိယ လှိုင်းလုံးကြီးများ (Third Wave) ပြုပြင်ပြောင်းလဲရေးမှာ အောက်ခြေက လူထုအထိ မရောက်သေးဟု ၀န်ခံ´´



သြဂုတ် ၁၂၊ မကွေး ။
မကွေးမြို့၊ ပြည်တော်သာရပ်၊ အထက(၁)လမ်းရှိ အဆင့်မြင့်မြို့တော်ခမ်းမ၌ သြဂုတ် ၁၂ ရက်၊ နံနက် ၉ နာရီမှ ၉း၄၀နာရီအချိန်ခန့်အထိ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ နိုင်ငံ တော်ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (တတိယ လှိုင်းလုံးကြီး) Third Wave လုပ်ငန်းစဉ်များမှ တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲခြင်းဆိုရာ ဆွေးနွေးပွဲ ပြုလုပ်ကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်း၊ တိုင်းဒေ သကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွန်ကြားရေးမှူး ဦးမောင်မောင်အောင်၊ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုး ထိုက်၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုး နိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဌေး နှင့် စည်ပင်သာယာရေး ၀န်ထမ်းများ တစ်ရာခန့်တက်ရောက်ကြောင်းသိရသည်။


စည်ပင်သာယာရေးဌာနသည် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံရသောဌာန ဖြစ်ကြောင်း၊ ပြည်သူ တို့ထံမှ ရရှိသော အခွန်အခများဖြင့် ၀န်ထမ်းများကို တိုက်ရိုက်လခပေးသောဌာနဖြစ်ကြောင်း၊ ထို့ကြောင့် ယခင်ကကျင့်သုံးခဲ့သော အာဏာပိုင်ဆိုတာထက် ပြည်သူ့ဝန်ထမ်းများပီသစွာ ပြည်သူတို့၏ လိုအပ်ချက်များကို တာဝန်ရှိသူ၊ တာဝန်ယူသူအဖြစ် ပြုပြင်ပြောင်းလဲကြရန်လိုအပ်ကြောင်း တိုင်းဒေ သကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွန်ကြားရေးမှူး ဦးမောင်မောင်အောင် က ၎င်းအခမ်းအနားတွင် ပြောကြားသည်။

``တတိယ လှိုင်း(Third Wave) ပြုပြင်ပြောင်းလဲရေး ဆိုတာ ပြည်သူကိုဗဟိုပြုပြီး လုပ်ဆောင်ကြရမှာပါ။ အများပြည်သူတွေ မနစ်မြိုတာကို မဆောင်ရွက်မိကြဖို့ လိုပါတယ်၊ Third Wave သည်ဒီမိုကရေစီ၏ အခြေခံဖြစ် လို့ လူမှုရေး၊ စီးပွားရေးတွေ ဘဏ္ဍာရေးနှစ်အလိုက် ဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ကြရမှာပါ၊ ဒါပေမယ့် တတိယ လှိုင်း(Third Wave) ပြုပြင်ပြောင်းလဲရေးအတွက် အထက်အဆင့်ကသာ ဆောင်ရွက်ကြရန် ဆွေးနွေးနေကြပေမဲ့ အောက်ခြေလူထုအတွက် အကျိုးသက်ရောက်မှုမရှိသေးပါဘူး။ ဒါကြောင့် ကျန်နေတဲ့ လပေါင်းနှစ်ဆယ်ခန့်အတွင်းမှာ ပြည်ထောင်စုဝန်ကြီးဌာန(၁၂)ခုပေါင်းစပ်ပြီး (Third Wave) ပြုပြင်ပြောင်းလဲရေး ကို အထူးအလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။´´ ဟု ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုးထိုက် က ၎င်း အခမ်းအနားတွင် ၀န်ခံပြောဆိုသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: