``မကွေးမြို့နယ်ရှိ ဘုန်းတော်ကြီးသင် ပရဟိတ ပညာရေးကျောင်း(၃)ကျောင်းအား ရန်ကုန်မြို့၊ ပါရမီစွမ်းအင်ကုမ္ပဏီ မှ လစဉ်လူဒါန်းမည်သိရ´´



သြဂုတ် ၁ ၊ မကွေး ။

ရန်ကုန်မြို့၊ ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ပါ အဖွဲ့ဝင် လေးဦးတို့သည် ရန်ကုန်မြို့မှ မကွေးမြို့ လေဆိပ်သို့ ATR လေယာဉ်၊ အမှတ် HYAJK (စင်းလုံးငှါး)ဖြင့် ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ရောက်ရှိ၍ မကွေးမြို့နယ်တွင်းရှိ ဘုန်းတော်ကြီးသင်ပရဟိတ ကျောင်း(၃)ကျောင်းအား ကိုယ်တိုင်သွားရောက်ပြီး ကျောင်း ဆရာ/ဆရာမ များလခ နှင့် နေ့စဉ်စားသောက်စရိတ်အချို့များ လှူဒါန်းကြောင်း မြေလတ်မီဒီယာ က သတင်း ရရှိသည်။
          ၎င်း ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ပါ အဖွဲ့ဝင် လေးဦးတို့သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖုန်းမော်ရွှေထံ သွားရောက်တွေ့ဆုံကြောင်း၊ လှူဒါန်းလိုသည့် ဘုန်းတော်ကြီး သင် ပရဟိတကျောင်း (၃)ကျောင်းအား တင်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် အဆိုပါအဖွဲ့သည် မကွေးနယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး နှင့်အတူ မကွေးမြို့၊ ရာဇမုနိကျောင်း ဘုန်းတော်ကြီးသင် ပရဟိပညာရေး ကျောင်း အတွက် ဆရာတော် ဦးကေလာသထံသို့ ဆရာ၊ ဆရာမ ငါးဦးအတွက် တစ်ဦးလျှင် ငါသောင်းကျပ် နှုန်းဖြင့် ငွေကျပ် (၂၅၀၀၀၀)ကျပ် ကို ဇူလိုင်လမှ စ၍ လစဉ်လှူဒါန်းမည်ဆို၏၊ ကျောင်းသား၊ ကျောင်းသူ ကလေးများအတွက် တစ်နေ့ တာ စားသောက်စရိတ် တစ်သိန်းကျပ် လှူဒါန်းခဲ့ကြောင်း၊ အလားတူ မကွေးမြို့နယ်၊ ဆားတိုင်ကန် ကျေးရွာ၊ ရေထွက်ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပရဟိတ ပညာသင်ကျောင်း အတွက် ဆရာတော် ဦးရာဇိန္ဒ ထံသို့ ဆရာ၊ဆရာမ ငါးဦးအတွက် လခ ငါးသောင်းကျပ်နှုန်းဖြင့် ငွေကျပ်(၂၅၀၀၀၀)ကျပ် နှင့် ကျောင်းသား၊ ကျောင်းသူလေးများ တစ်ရက်စား သောက်စရိတ် တစ်သိန်းကျပ် တို့ကို လစဉ်လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် မကွေးမြို့နယ်၊ အေးမြသာယာရွာ (မြောက်)ရှိ ဘုန်းတော်ကြီးသင် သီတာရုံကျောင်းတိုက် အတွက် တိုက်အုပ်ဆရာလေး ဒေါ်ကလျာဏီ ထံ ဆရာ၊ ဆရာ၊ဆရာမ တစ်လငှါးရမ်းခ ငွေကျပ်နှစ်သိန်း နှင့် ကျောင်းသား၊ကျောင်းသူများအတွက် တစ်နေ့တာ စားသောက်စရိတ်ကို ငါးသိန်းကျပ် လှူဒါန်းခဲ့ကြောင်း၊ အဆိုပါ ဘုန်းတော်ကြီးသင် ပရဟိတကျောင်း(၃)ကျောင်းအတွက် ဆရာ၊ဆရာမများငှါးရမ်း အသုံးပြုနိုင်ဖို့ လစဉ်ပေးရန် လခများကို လစဉ်လှူဒါန်းပေးမည်ဟု ရန်ကုန်မြို့ ပါရမီစွမ်းအင်ကုမ္ပဏီ ပိုင်ရှင် ဦးပြည့်ဝထွန်း ထံမှ သတင်း အတည်ပြုချက်ရရှိသည်။
          အဆိုပါ ပါရမီစွမ်းအင်ကုမ္ပဏီအဖွဲ့ဝင်များသည် ဇူလိုင် ၃၁ ရက်၊ နေ့လည် ၂ နာရီအချိန်ခန့်တွင် ၎င်းတို့ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ မကွေးလေယာဉ်ကွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
           

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: