`` ကပ်ကျော်ကျောင်း ပညာပါရမီကုသိုလ်ပြုအဖွဲ့(မကွေး)၏ နှစ်ပတ်လည်အစည်းအဝေး´´




သြဂုတ် ၂၊ မကွေး ။

မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ ကပ်ကျော်ကမ္ဘာအေး ၀ိပဿနာ ဓမ္မရိပ်သာ ၌ သြဂုတ်(၂)ရက် နံနက် ၈ နာရီမှ နေ့ ၁၂ နာရီအချိန်ခန့်တွင် ပညာပါရမီကုသိုလ်ပြုအဖွဲ့၊ ကပ်ကျော်ကျောင်း (မကွေး)၏ နှစ်ပတ်လည်အစည်းအဝေးကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပြီးဖွင့်လှစ်၍ ကပ်ကျော်ကျောင်းဆရာတော် အရှင် သဇ္ဇန မှ အဖွင့်အမှာစကားမိန့်ကြားကြောင်း၊ ထို့နောက် အလုပ်အမှုဆောင်အသီးသီး တို့က သက်ဆိုင်ရာ ကဏ္ဍ အလိုက် ရှင်းလင်းပြောကြားကြောင်း၊ တစ်နှစ်တာ အလှူရှင်များ၏ စာရင်းကို ဖတ်ကြား၍ မှတ်တမ်းတင်ကြောင်း သိရသည်။


          ၎င်းနောက် နှစ်ပတ်လည်အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို ရံပုံငွေအဖြစ် ရောင်းချပြီး စာမူရှင်များထံ လက်ဆောင်ပေးကြောင်း၊ ၎င်းနှစ်ပတ်လည်အစည်းအဝေးတွင် ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့အတွက် အလုပ်အမှုဆောင် အသစ်ကို ပြန်လည်ရွေးချယ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

အလုပ်အမှုဆောင်အဖွဲ့ကို နယက အဖွဲ့ ဆရာတော် အရှင်သဇ္ဇန နှင့် ဦးတင်စိုး(သစ်ရာကောက်)၊ ဦးတင်ခြုံ ၊ ဦးလှအောင်၊ ဦးသန်းထွန်း(စကု)၊ ပန်းချီဆရာ ဦးမျိုးညွှန့်(မကွေး)၊ ဦးအောင်ကျော်စိုး(မောင်မွန်မြတ်-မကွေး)၊ ဦးနေအောင်နိုင်၊ ဦးဘိုဝင်း တို့ဖြစ်ကြောင်း၊ 

ဥက္ကဋ္ဌ ဆရာတော် အရှင်သဇ္ဇန၊ ဒု ဥက္ကဋ္ဌ ၁- ဦးမောင်ကြင်(သစ်ရာကောက်)၊ ဒုဥက္ကဋ္ဌ ၂- ဦးဖိုးလှိုင်၊ အတွင်းရေးမှူး ၁- ဦးအောင်မင်းထွန်း၊ အတွင်းရေးမှူး ၂-ဦးကျော်ညွန့် နှင့်  အလုပ်အမှုဆောင်အဖွဲ့ဝင်(၁၄)ဦးတို့ ဖြင့်အသစ်ပြန်လည် ဖွဲ့စည်းကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

ကပ်ကျော် ပညာပါရမီကုသိုလ်ပြုအဖွဲ့ကို ၂၀၁၀ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး မကွေးမြို့နယ်အတွင်း နှင့် မြန်မာပြည်အတွင်းရှိ ဆင်းရဲနွမ်းပါးသောဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ အစိုးရမူလတန်း ကျောင်းများ သို့ လိုအပ်သော ကျောင်းသုံးပစ္စည်းများ၊ စာရေးကရိယာများတို့ကို ၂၀၁၄ သြဂုတ် ၂ ရက်နေ့အထိ စုစုပေါင်းတန်ဘိုးငွေကျပ် သိန်းပေါင်း (၈၀)ကျော်ခန့် လှူဒါန်းခဲ့ပြီးကြောင်း  ဥက္ကဋ္ဌ ဆရာတော် အရှင်သဇ္ဇန က မြေလတ်မီဒီယာ ကိုပြောသည်။


ဝိုင်းကြည်အောင်
မကွေး ။  ၀၉-၄၄၀၂၂၅၁၀၀


  သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)



Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: