`` တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ PR စနစ်ကို ညောင်နှစ်ပင် အမျိုးသားညီလာခံကထဲက ထောက်ခံခဲ့သည်´´ ( ယခုမှ သွေးရှုးသွေးတန်းလိုက်ပြီ PR ကို ထပြောနေတဲ့ ပါတီတွေထဲမှာ ကျွန်တော်တို့ပါတီ မပါပါဘူး ဆို)



သြဂုတ် ၂၅၊ မကွေး ။

မကွေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ  သြဂုတ် ၂၄ ရက်နေ့တွင် ပါတီတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ ပါတီအောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ၍ ၂၅ ရက်နံနက်ပိုင်းတွင် ခြောက်လပတ်ပုံ မှန်အစည်းအဝေးကျင်းပပြီး နေ့လည် ၂ နာရီအချိန်တွင် မီဒီယာတွေ့ဆုံပွဲကျင်းပကြောင်း သတင်းရရှိသည်။

          အဆိုပါမီဒီယာရှင်းလင်းပွဲတွင် ဦးထွန်းရီ(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) နှင့် ဦးသန်းတင်(ဗဟိုကော် မတီဝင်)၊ တိုင်းဥက္ကဋ္ဌ၊ တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင်များတက်ရောက်၍ ရှင်းလင်းသည်။ မကွေးတိုင်း ဒေသကြီး တ.စ.ည ပါတီဝင်ပေါင်း ယနေ့အထိ (၄၅၃၄၀)ဦးရှိကြောင်း၊ မြန်မာတစ်ပြည်လုံးပါတီဝင် ငါးသိန်း ကျော်ခန့် ရှိကြောင်း၊ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၃၀ မှာ ၁၈ နေရာတွင် ၀င်ရောက် ပြိုင်မည်၊ ၎င်း ၁၈ နေ့ရာတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို လသာမြို့နယ်၊ ရန်ကုန်တိုင်း နှင့် ရခိုင်ပြည်နယ်များမှာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မကွေးတိုင်းအတွင်းရှိ ရေနံချောင်းမြိုနယ် နှင့် ကံမမြို့နယ် များမှာလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းပါတီ ဥက္ကဋ္ဌ က ပြောသည်။


``၂၀၁၅ ရွေးကောက်ပွဲအတွက် PR စနစ်ကို အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် တွေမှာ NDF ပါတီကိုယ်စားလှယ်က စတင်ပြီး အဆိုတင်သွင်းခဲ့သော်လည်း ဒီPR စနစ်က အခုမှပေါ်လာတာ မဟုတ်ပါဘူး၊ ၂၀၀၇ ညောင်နှစ်ပင် အမျိုးသားညီလာခံကထဲကစတယ်၊ ညီလာခံပြီးခါနီးမှာ ကျွန်တော်တို့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီဝင် ကိုယ်စားလှယ်တွေက ရွေးကောက်ပွဲရွေးချယ်ရေးစနစ်မှာ PR စနစ်အဆိုပြုချက်ကို စပြီးထောက်ခံ လာခဲ့ကြတာပါ၊ ဘာကြောင့်ထောက်ခံရသလဲဆိုရင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတုန်းက အင်အား ကြီးNLD ပါတီနဲ့ ကျွန်တော်တို့ပါတီ ရွေးချယ်ခဲ့ရာ NLDပါတီက လူထုထောက်ခံမဲ ခုနှစ်သန်း ထောက်ခံတယ်၊ တ.စ.ည ပါတီကို  သုံးသန်းထောက်ခံခဲ့ကြတယ်၊ NLD ကိုထောက်ခံတဲ့ တစ်ဝက်လူထုက ထောက်ခံကြပါတယ်၊ အဲဒီတုန်းက တစ်မဲသာယုံနဲ့  အနိုင်ပေးလိုက်တဲ့စနစ်ဆိုတော့ NLD က အပြတ်အသတ်နိုင်သွားခဲ့တယ်၊ ကျွန်တော် တို့ ကိုပေးတဲ့ လူထုမဲတွေ သုံးသန်းက အဟောသိကံဖြစ်ကုန်ခဲ့ပါတယ်၊ PR စနစ်ဆိုခဲ့ရင် မဲဆန္ဒနယ်တစ်နယ်မှာ ရရှိတဲ့ မဲအရေအတွက်အရ အချိုးကျ လွှတ်တော် ကိုယ်စားလှယ်နေရာတွေရကြမှာပါ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ကထဲက တွေ့ရှိခဲ့ရတဲ့အတွက်  မျှမျှတတနဲ့ရွေး ကောက်ပွဲဆိုရင်  လူထုတွေကပေးတဲ့ မဲတွေလဲ အလကား မဖြစ်တဲ့အတွက် PR ကိုထောက်ခခံခဲ့ကြတာပါ၊ NLDပါတီကို နိုင်ဖို့ဆိုပြီးတော့ လုပ်ခဲ့တာမဟုတ်ပါဘူး၊ ဟိုတုန်း ကထဲက စတင်ပြောဆိုထောက်ခံခဲ့တာပါ။ ယခုမှ သွေးရှုးသွေးတန်းလိုက်ပြီ PR ကို ထပြောနေတဲ့ ပါတီတွေထဲမှာ ကျွန်တော်တို့ပါတီ မပါပါဘူး´´။ ဟု ဦးထွန်းရီ(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်) က ၎င်းမီဒီယာရှင်းလင်းပွဲတွင် ပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: