``မကွေးမြို့တွင် ၈၈၈၈ ရှစ်လေးလုံး (၂၆)နှစ်မြောက်အခမ်းအနားများကို (၃)နေရာ၌ အုပ်စုခွဲ၍ကျင်းပ´´ (ယခင်နှစ်တွေကလို စည်ကားခြင်းမရှိ)



၂၀၁၄၊ သြဂုတ်လ(၈)ရက်နေ့တွင် ကျရောက်သော ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ (၂၆)နှစ်မြောက် အခမ်းအနား များကို (၃)နေရာ၌ အုပ်စုခွဲ၍ကျင်းပကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။


          မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ သံဃာ့ရာမကျောင်းတိုက်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၊ကျေးရွာများမှ တောင်သူလယ်သမားအဖွဲ့အစည်းများနှင့် NGO အဖွဲ့များ စုပေါင်းကျင်းပသော ၈၈၈၈ ရှစ်လေးလုံး (၂၆)နှစ်မြောက်အခမ်းအနားကို တက်ရောက်သူ အင်အား ခုနှစ်ဆယ်ဦးခန့်ဖြင့် သြဂုတ် ၈ ရက်၊ နံနက် ၈း၁၅ နာရီတွင်ကျင်းပသည်။


          မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်း၊ မကွေးမြို့နယ်NLDပါတီရုံးတွင် ၈၈၈၈ ရှစ်လေးလုံး (၂၆)နှစ် မြောက်အခမ်းအနားများကို ပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ပါတီဝင်များတက်ရောက်၍ သြဂုတ် ၈ ရက် နံနက် ၉နာရီတွင် ကျင်းပသည်။ ထို့နောက် နံနက်၁၁နာရီအချိန်ခန့်တွင် မကွေးမြသလွန်စေတီတော် သို့ လက်ယာရစ် ပူဇော်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၌ ကျဆုံးခဲ့သော ရဟန်း ရှင်လူ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအတွက် ကောင်းရာသုဂတိသို့ရောက်ပါစေကြောင်း ဆုတောင်းပွဲကျင်းပသည်။ 

အဆိုပါအခမ်း အနားသို့ ဗ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ)မှ ကျောင်းသားများ တက်ရောက်ခြင်း မရှိကြောင်း တွေ့မြင်ရသည်။


``ကျွန်တော်တို့ အင်အားတစ်ရာဦးခန့်နဲ့ အခမ်းအနားကျင်းပခဲ့ပြီး မကွေးမြသလွန်စေတီတော်ကို လက်ယာရစ်ပူ ဇော်ပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။´´ ဟု မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မဇ္ဈိမ ကိုပြောသည်။


          မကွေးမြို့၊ ရွာသစ်/ပွဲကြိုရပ်ကွက်၊ ၁၅ လမ်းရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မကွေး) ရုံးတွင်လည်း ၈၈၈၈ ရှစ်လေးလုံး (၂၆)နှစ်မြောက်အခမ်းအနားသို့  တက်ရောက်သူ (၂၅)ဦးခန့်ဖြင့် သြဂုတ် ၈ ရက်၊ နံနက် ၉း၁၅ နာရီတွင်ကျင်းပသည်။


``ယခင် နှစ်ကလို ဈေးရပ် မဲထီးလမ်း မင်းကျောင်းမှာ အဖွဲ့ပေါင်းစုံနဲ့ စုပေါင်းကျင်းပခဲ့တာ တော်တော်စည်ကား တယ်ဗျ၊ တစ်မြို့လုံးကသိကြတယ်။ ယခုနှစ် အုပ်စုတွေကွဲပြီး သုံးနေရာကျင်းပနေတော့ ရှစ်လေးလုံးနေ့ အခမ်း အနားတွေ မစည်ဘူး၊ လက်ရှိ အုပ်ချုပ်နေတဲ့အစိုးရ အကြိုက်ဖြစ်နေတာပေါ့ဗျာ´´။ ဟု NLDပါတီမှ ကျင်းပသော ရှစ်လေးလုံးအခမ်းအနားသို့ တက်ရောက်လာသူ ဦးခင်မောင်ကြည် က မဇ္ဈိမ ကိုပြောသည်။

          မကွေးမြို့တွင် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားကျင်းပရန် ဒေသခံအာဏာပိုင်မှ ၂၀၁၃ ခုနှစ်က တရားဝင်ခွင့်ပြုသော သဘောဖြင့်  ၈၈ သပိတ်စခန်းအောင်မြေဖြစ်သော အောင်ဓမ္မာရုံဝန်းရှေ့ မင်းကျောင်း၌ မင်းဘူး၊စကု၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အောင် လံမြို့တို့မှ ၈၈ ကျောင်းသား သပိတ်ခေါင်းဆောင်များ၊ ဗ.က.သ၊ တ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန်(ဗဟို)မှ တာဝန်ခံ ကိုမာကီးနှင့်အဖွဲ့ဝင်များ တက်ရောက် ၍ အလွန်စည်ကားစွာကျင်းပနိုင်ခဲ့ကြောင်း၊ စစ်အုပ်ချုပ်ရေး အာဏာရှင်အစိုးရလက်ထက် တွင် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနားများကို ခွင့်ပြုမိန့် မရခဲ့ကြသော်လည်း အဆိုပါ မင်းကျောင်း၌ပင် နှစ်စဉ်ကျင်းပနိုင်ခဲ့ကြ ကြောင်း ဒေသခံ ဦးခင်မောင်ကြည် က မဇ္ဈိမ ကိုပြောသည်။


ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: