``ရွှေပါရမီကျန်းမာရေးဖောင်းဒေးရှင်း မှ အောင်လံမြို့မှာ အခမဲ့ဆေးကုသပေးခဲ့ရာ ကျန်ခဲ့သော ခွဲစိတ်လူနာများကို မကွေးမြို့ဆေးရုံများသို့ ပို့ဆောင်၍ အခမဲ့ဆက်လက်ကုသပေး´´



မကွေး၊ သြဂုတ် ၃၁ ။
          
 မကွေးမြို့၊ တိုင်းဒေသကြီးပြည်သူဆေးရုံကြီးနှင့် မကွေးဆေးတက္ကလိုလ်၊ သင်ကြားရေးဆေးရုံသို့ အောင်လံ-မကွေး၊ နယူးအောင်လံ မှန်လုံကားလေးများဖြင့် သြဂုတ် ၃၁ ရက်နေ့အထိ လူနာပေါင်း တစ်ရာကျော်ခန့် ခွဲစိတ် ကုသရန် ရောက်ရှိ လာကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။


          ဆရာတော် အရှင်ဆန္ဒာဓိက ၏ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မှ အောင်လံမြို့၊ သြဂုတ် ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိတိ အများပြည်သူများကို အခမဲ့ဆေးကုသပေးခဲ့ကြောင်း၊ အထွေထွေရောဂါ လူနာပေါင်း တစ်သောင်းကျော်ခန့် အခမဲ့ဆေးကုသပေးခြင်းနှင့် ခွဲစိတ်လူနာပေါင်း ငါးရာကျော်ခန့်တို့ကိုလည်း အခမဲ့ ခွဲစိတ်ကုသ ပေးခဲ့ကြောင်း၊ အောင်လံမြိုနယ်၊ ဆင်ပေါင်ဝဲမြို့နယ်၊ သရက်မြို့နယ် အတွင်းရှိ အနယ်နယ်အရပ်ရပ်ရှိ ကျေးရွာများမှ လူနာများ စုပြုံပြီးရောက်လာ၍ သြဂုတ် ၂၅ ရက်နေ့တွင် လူနာပေါင်း နှစ်ရာကျော်ခန့် ဆေးကုသရန် ကျန်ရှိနေခဲ့ကြောင်း၊ ဆရာတော် အရှင်ဆန္ဒာဓိက ၏ မှာကြားချက်အရ၊ ၎င်းကျန်ခဲ့သော လူနာများကို အောင်လံမြို့၊ ဓမ္မမာပကတရားတော် ပြန့်ပွားရေးနှင့်သွေးလှူရှင် အသင်းမှ ဦးဆောင်စီစဉ်၍ မကွေးမြို့သို့ ပို့ဆောင်ပြီး ဆေးကုသပေးရန်၊ ၎င်း တို့အား ဆေးကုသနိုင်ရန် ကျသင့်သော ဆေးဘိုးငွေများကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းမှ ကျခံလှူဒါန်းကြောင်း ဦးစံတင် ဥက္ကဋ္ဌ (အောင်လံမြို့၊ ဓမ္မ မာပကတရားတော် ပြန့်ပွားရေးနှင့်သွေးလှူရှင် အသင်း)က မဇ္ဈိမ ကိုပြောသည်။


`` ယခု ကျန်ခဲ့တဲ့ လူနာ နှစ်ရာကျော်ကိုလည်း ရောဂါအလိုက် ရန်ကုန်မြို့နဲ့ မကွေးမြို့ဆေးရုံတွေကို သြဂုတ် ၂၆/၂၈/၃၀/၃၁ ရက်အထိ (၄)ရက်ရှိပါပြီး အသုတ်လိုက်ခွဲပြီး ပို့ဆောင်ကုသပေးနေပါတယ်၊ လူနာပေါင်းတစ်ရာ လောက်ပို့ပေးဖို့ကျန်ပါသေးတယ်၊ နောက်ရက်တွေလည်း ထပ်ပို့ရမယ်၊ ဆေးကုသပြီးသူတွေကိုလည်း ပြန်လည် ခေါ်ဆောင်ပေးနေပါတယ်။ ဒီလူနာ နှစ်ရာကျော်အတွက် အောင်လံမှ ရန်ကုန်မြို့နဲ့မကွေးမြို့များသို့ သွားလာစရိတ်၊ နေထိုင်စားသောက်စရိတ်အားလုံးနဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း မှ အောင်လံမြို့သို့လာရောက်ကုသပေးခဲ့စဉ်က သမားတော်ဆရာကြီးများအဖွဲ့ တစ်ဖွဲ့လုံးအတွက် ငါးရက်တိတိ ကုန်ကျစရိတ်အားလုံးတို့ကို အောင်လံမြို့ စိန်နှစ်စိန်မှုန့်တိုက်ပိုင်ရှင် ဦးတင်စိန် ဇနီး ဒေါ်ကြူကြူ နှင့် ၎င်းတို့၏သား သမားတော်ကြီး ဒေါက်တာတင်ဝင်းအောင် တို့မိသားစုက လှူဒါန်းငွေသိန်းပေါင်းရာချီပြီး ဒီလူနာတွေကို သူတို့ ကိုယ်တိုင် မကွေးတိုင်းပြည်သူ့ဆေးရုံနဲ့ ဆေးတက္ကသိုလ်သင်ကြားရေးဆေးရုံတွေအထိ အောင်လံမြို့က မကွေး- အောင်လံပြေးဆွဲနေတဲ့ နယူးအောင်လံ ကားများရဲ့အကူအညီကိုယူပြီး အိမ်အရောက် အသွား/ အပြန်ဆောင်ရွက် လှူဒါန်းပေးနေကြပါတယ်ခင်ဗျာ´´ ဟု ဦးစံတင် ဥက္ကဋ္ဌ (အောင်လံမြို့၊ ဓမ္မမာပကတရားတော် ပြန့်ပွားရေးနှင့် သွေးလှူရှင်အသင်း)က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

0 comments: