မကွေးတိုင်း NLD ပါတီ မှ ၂၀၁၄ ကြားဖြတ်ရွေးချယ်ပွဲ အောင်နိုင်ရေးအတွက် တိုင်းNLDပါတီ ရုံးခန်းအသစ်မှာ ခြေလှမ်းအသစ်များဖြင့် စတင်ပြီ….။



သြဂုတ် ၂၃၊ မကွေး ။


မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ ၆ လမ်း၊ အမှတ်(၃၀)၊ မကွေးတိုင်းNLD ပါတီရုံးခန်းအသစ်၌ မကွေးတိုင်း/ ခရိုင်/မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုလူငယ်အဖွဲ့ နှင့် တိုင်းလူငယ်လုပ်ငန်းအဖွဲ့တို့ အထူး အစည်းအဝေး ကို ပါတီဝင်အင်အား ငါးဆယ်ခန့်ဖြင့် သြဂုတ် ၂၃ ရက်၊ နံနက် ၁၀နာရီမှ နေ့ ၁၂း၃၀နာရီအထိ ပြုလုပ်ကြောင်း  မြေလတ်မီဒီယာ က သတင်းရရှိသည်။

          ၎င်းအထူးအစည်းအဝေးသို့ တောင်တွင်းကြီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ညွန့်် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို နံနက်ပိုင်းတွင် နှစ်ပိုင်းခွဲ၍ ကျင်းပကြောင်း သတင်းရရှိသည်။


`` တိုင်းNLDပါတီ အလုပ်အမှုဆောင် လပတ်ပုံမှန်အစည်းအဝေးဖြစ်သော်လည်း တိုင်းရုံးအသစ်မှာ ကြားဖြတ် ရွေးချယ်ပွဲ လစ်လပ်နေရာ ရေနံချောင်းမြို့နယ်နဲ့ ကံမမြို့နယ်တွေမှာ NLDပါတီအောင်နိုင်ရေးအတွက်  (ဗဟို)၏ ညွှန်ကြားချက်နဲ့ တရားဥပဒေဘောင်အတွင်းက အပြတ်အသတ်အနိုင်ရရေးကိစ္စများကို တိုင်းအောင်နိုင်ရေးအဖွဲ့နဲ့ မြို့နယ်အောင် နိုင်ရေးအဖွဲ့တို့ အထူးတွေ့ဆုံပြီး ညှိနှိုင်းစီစဉ်ဆွေးနွေးကြပါတယ်၊ ဒါ ပထမပိုင်းအစည်းအဝေးပါ။ ဒုတိယ ပိုင်းမှာတော့ တိုင်းအလုပ်အမှုဆောင်အဖွဲ့ရဲ့ သီးခြားအစည်းအဝေးဖြစ်ပါတယ်၊ ယခု တိုင်းရုံးခန်းအသစ်မှာ တာဝန်တွေ ဘယ်လိုခွဲဝေမယ်၊ အပတ်စဉ် စာဖတ်ဝိုင်းတွေပြုလုပ်မယ်၊ လစဉ်ပညာရှင်တွေဖိတ်ကြားပြီး ဟောပြော ပွဲတွေပြုလုပ်ဆွေးနွေးကြဖို့ရှိတယ်၊ ဒီမိုကရေစီဆိုင်ရာ ဥပဒေ သင်တန်းတွေ၊ နိုင်ငံရေးသင်တန်းတွေကိုလည်း  တိုင်းအလုပ်အမှုဆောင် အဖွဲ့က ပို့ချဖို့ အစည်းအဝေးပြလုပ်ကြပါတယ်။´´ ဟု အတွင်းရေးမှူး ဦးနေမျိုးကျော် က  မြေလတ်မီဒီယာ ကိုပြောသည်။


          ယခင် မကွေးတိုင်းNLDပါတီရုံးမှာ မြင်သာရပ်ကွက်၊ မဲထီလမ်းရှိ  အမျိုးသား ဒီမိုကရေစီပါတီအဖွဲ့ချုပ် မှ ၁၉၉၀ ခုနှစ်တွင် အနိုင်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုး(ကွယ်လွန်သူ)၏ နေအိမ်မှာ အခမဲ့ ဖွင့်လှစ်ခွင့်ပေးထားခဲ့ကြောင်းသိရသည်။ ယခုဖွင့်လှစ်ရန် ငှါးရမ်းထားသော မကွေးNLD ပါတီတိုင်းရုံး အသစ်ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း ဦးနေမျိုးကျော် မှပြောကြားသော်လည်း ဥက္ကဋ္ဌ ဦးသိန်းဇော် မှ ယနေ့ နေ့လည်ပိုင်း တတိယ အကြိမ်အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးကြမည်ဟု ပြောသည်။

``ဒီနေ့အစည်းအဝေးရဲ့ အဓိကအချက်ကတော့ ၂၀၁၄ ကြားဖြတ်ရွေးချယ်ပွဲမှာ လှစ်လပ်နေရာ နှစ်နေရာ ရေနံချောင်းနဲ့ ကံမမြို့နယ်တွေမှာ NLD ပါတီက ပြည်သူလူထုနဲ့ အတူပူးတွဲပြီး အောင်နိုင်ရေးအတွက် ဆောင်ရွက်သွားကြမှာပါ။´´ဟု ဦးသိန်းဇော် ဥက္ကဋ္ဌ မကွေးတိုင်းNLD ပါတီ က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: