မကွေး- မင်းဘူး- အမ်းမြို့ ရခိုင်ပြည်နယ် နှင့် မြေလတ်သို့ ၁၅ ဦးစီးကားလေးပြေးပြီ..

၂၀၁၄၊ ဇူလိုင် လကုန်ရက်ကစပြီး နေ့စဉ် ပန်းတိုင် ကားဂိတ် မှ မကွေး- မင်းဘူး- အမ်းသို့ ကားလေးတွေ ပြေးဆွဲနေပြီ၊ ခရီးသည် ၁၅ ဦးစီး ကားလေးတွေနဲ့ ကုန်မတင်ဘဲ သီးသန့်ပြေးဆွဲတာပါ။ လူတစ်ဦးကို ကားခ တစ်သောင်းကျပ်သာ ယူပါတယ်။ ဟု ပန်းတိုင်ဂိတ်ပိုင် ဦးမြင့်စိုး က ပြောသည်။

 သြဂုတ်လကုန်လောက်မှာလည်း မကွေး- အောင်ပန်း- လွယ်ကော်(ကယားပြည်နယ်) သို့ ခရီးသည် ၁၅ ဦးစီးကားလေးများ နှင့် ပန်းတိုင် ကားဂိတ်မှ ပြေးဆွဲသွားအုံးမည်ဖြစ်ကြောင်း ဦးမြင့်စိုး က မြေလတ်မီဒီယာသို့ ပြောသည်။

သတင်းစဉ်
သတင်းတာဝန်ခံ


 

0 comments: