`` နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ်ပွဲတော်မှာ မကွေးတိုင်း လူငယ်ဖိုရမ်လူငယ်များ က ဖလက်ရ် မု (Flash Mob)များ ဖြင့် ဆန္ဒဖော်ထုတ်ပြီး သီဆိုကခုန်ကြသည်´´



သြဂုတ် ၁၇၊ မကွေး ။

 နိုင်ငံတကာ လူငယ်များနေ့ အထိမ်းအမှတ်ပွဲတော်အဖြစ် သြဂုတ် ၁၇ ရက် ညနေ ၄ နာရီမှ ည ၉နာရီအချိန်အထိ မကွေးမြို့၊ အဆင့်မြင့်မြို့တော်ခမ်းမတွင် ကျင်းပကြောင်း သတင်းရရှိသည်။

          နိုင်ငံတကာလူငယ်များအထိမ်းအမှတ်ပွဲတော်ကို မကွေးတိုင်းလူငယ်ဖိုရမ်များ ၂၃ မြို့နယ်မှ လူငယ်ဖိုရမ် အဖွဲ့ဝင်များ သုံးရာခန့် တက် ရောက်ကြသည်။ဤပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မည်သူမျှ မတက်ကြောင်း ၊ နေ့လည် ၃နာရီစတင်မည်ဖြစ်သော်လည်း မိုးသဲထန်စွာရွာနေ၍ ညနေ ၄ နာရီမှ ကျင်းပနိုင် ကြောင်း တွေ့မြင်ရသည်။ 


ဤနိုင်ငံတကာလူငယ်များအထိမ်းအမှတ်ပွဲတော်၌ အစိုးရအဖွဲ့မတက်သော်လည်း  မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ၀န်ကြီးချုပ်တို့ ကြားသိအောင် လူငယ်များ တစ်ဦးချင်းစီးက ဆိုင်းဘုတ်ပိုစတာများ ကိုင်ပြ၍ လူငယ်ဖိုရမ်ဖွင့်ပွဲကျင်းပချိန်ကအတိုင်း တောင်းဆိုခဲ့ကြောင်းသိရသည်။ (စကု တောကျောင်းကုန်းရွာ လမ်းပမ်း ဆက်သွယ် ရေး ပြုပြင်ရန်လိုအပ်၊  စေတုတ္တရာ ဆုံးရှုံးလယ်ယာမြေများ အစားထိုးပြန်ပေးရန်လိုအပ်၊ နတ်မောက် တွင် ထိရောက်သော လူငယ် လှုပ်ရှားမှုများ မြှင့်တင်ပေးရန် အထူးလိုအပ်၊ တောင်တွင်း မှာ စာသင်ကျောင်းများမှာ ထိရောက်သော ကျန်းမာရေး ဟောပြောပွဲများလိုအပ်၊ ဂန့်ဂေါ ဆေးရုံကြီးတွင် ဆရာဝန်လုံ စွာ ရရှိရန်လိုအပ်) စသော ပိုစတာဆိုင်းဘုတ်များအား စင်မြင့် နှင့် စင်အောက် အစိုးရအဖွဲ့ဝင် များရှေ့သို့ ကိုင်ဆောင်ပြသကြောင်း ၊ ယခုတွင်လည်း ပွဲစင်ပေါ်တွင် လူငယ်ဖိုရမ် အ၀တ်အစားဝတ်ဆင်ထားသော အမျိုးသမီး နှစ်ဦးအား  ခေါင်းသို့ အိပ်စွပ်ပြီး ကြိုးတုတ်ထားရာ တစ်ဦးချင်းကြိုးစား လွှတ်မြောက်ကြောင်း (Flash Mob) ပြုလုပ်ကြ၍ မဇ္ဈိမ က သတင်းရရှိသည်။

``ဒီမိုကရေစီခေတ်မှာ အေးအေးချမ်းချမ်းနဲ့ အစိုးရသိအောင် စိတ်ဝင်စားအောင် (Flash Mob) ပြုလုပ်ကြတာပါ၊ နယ်တွေမှာ ထူးဆန်းနေသော်လည်း မြန်မာယုလူငယ်ဖိုရမ်အခမ်းအနားနဲ့ အာဆီယံလူငယ်ဖိုရမ်တွေမှာ ဖလက်ရ် မု (Flash Mob)တွေ လုပ်ပြကြပါတယ်။ မကွေးတိုင်းလူငယ်ဖိုရမ်ကတော့ ဒုတိယအကြိမ်ပြုလုပ်တာလို့ ပြောနိုင် ပါတယ်´´ ဟု လူငယ်  ကိုဝင်းမြင့်ထွေးက  မဇ္ဈိမ သို့ပြောသည်။


         
``(Flash Mob) ပြုလုပ်ကြတာက ၂၃ မြို့နယ်တက်လာတဲ့ လူငယ်ခေါင်းဆောင်တွေက သူတို့မြို့နယ်မှာ အဓိက အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုကို တိုရှင်းလိုရင်းနဲ့ ရေးပြီး အစီအစဉ်ထဲမှာ မပါဘဲ အစိုးရအဖွဲ့သိဖို့ ချပြလိုက်ရတာပါ၊ ၀န်ကြီးချုပ်တက်မဲ့ပွဲမှာလူငယ်တွေရဲ့မျှော်လင့်ချက်ကို မက်စ်ချပေးလိုက်တာပေါ့။´´ဟု လူငယ် တင့်ဇော်ဟိန်း က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: