``မကွေးမြို့နယ် အေးမြသာယာကျေးရွာ၏ ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးတပ်ဆင်ရေး မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဖွင့်လှစ်ပေး´´



သြဂုတ် ၁၄၊ မကွေး။
         
 မကွေးမြို့နယ်၊ နံကပ်ကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးတပ်ဆင် ပေးနိုင်ရန်အတွက် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက်၍ သြဂုတ် ၁၃ ရက်၊ ည ၇ နာရီအချိန် ခန့်တွင် မီးလင်းပွဲ ကျင်းပ ကြောင်း သတင်းရရှိသည်။


          အေးမြသာယာကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီကို ၂၀၁၃၊ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ ကြောင်း၊ ကျေးရွာလူထု မှ မတည်ငွေသိန်း(၂၀၀)စုဆောင်းနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ထရန်စမာ ၁၀၀ ကေဗွီ တပ်ဆင်ရန် လိုအပ်နေသောငွေများကို ကျေးရွာလူထုမှ ဆက်လက်စုဆောင်းထည့်ဝင်ရန် မတတ်နိုင်ကြ၍ မကွေမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ စုစုပေါင်းကုန်ကျငွေမှာ သိန်း သုံးရာ ကျော်ခန့် ကုန်ကျကြောင်း၊ ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲသို့ တက်ရောက်အားပေးသော အဘ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် အစိုးရ၀န်ကြီးများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ထွန်း၊ တိုင်းလျှပ်စစ် အင်ဂျင်နီယာနှင့်အဖွဲ့၊ တိုင်း ဒေသကြီး/ခရိုင်/ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊  ဌာနဆိုင်ရာအကြီး အကဲများ နှင့် အေးမြ သာယာကျေးရွာသူ ကျေးရွာသားများ အားလုံးကို အထူးကျေးဇူးတင်ကြောင်း ဦးတင်ကို  ဥက္ကဋ္ဌ အေးမြသာယာ ကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီ မှ ၎င်း ပွဲတွင် ပြောကြားသည်။


          မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာတွင် အိပ်ခြေပေါင်း ၂၅၀ ခန့်ရှိကြောင်း၊ လျှပ်စစ်မီးလင်းရေးအတွက် ကောက်ခံ၍ထည့်ဝင်ငွေများကို သိရှိနိုင်ရန် ရွာလည်လမ်းဈေးဆိုင် ဒေါ်ခင်လေးထံ သို့မေးမြန်းရာ


`` မီးလင်းရေးအတွက် ပထမ စတင်စုဆောင်းတဲ့အိမ်ထောင်စုတွေကို တစ်သိန်းကျပ် ထည့်ရပါတယ်။ ယခု မီးလင်းခါနီး မှာ ၀င်လာတဲ့အိမ်တွေက နှစ်သိန်းကျပ်စီ ထည့်ရပါတယ်၊ ကျွန်မတို့အိမ်ကို အိမ်ထဲအထိ မီးကြိုးသွယ် တာ မီတာတပ်ဆင်ပြီး စုစုပေါင်း ငွေကျပ် သုံးသိန်းကျော်လောက် ကုန်ကျပါတယ်ရှင်´´။ ဟု ၎င်းက ပြောသည်။
ဝိုင်းကြည်အာင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)



 

0 comments: