``မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ တွေ့ဆုံပွဲကို မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂမှ သံဃာရာမကျောင်းတွင် ကျင်းပမည်´´



သြဂုတ် ၂၇၊ မကွေး ။

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ သံဃာရာမကျောင်းတိုက်တွင် သြဂုတ် ၃၀/၃၁ (၂)ရက်တိတိကျင်းပမည်ဖြစ်ကြောင်း အခမ်းအနားစီစဉ်သူ လယ်ယာမြေဥပဒေသင်တန်းဆရာ ဦးအောင်ကျော် ကျော် က မဇ္ဈိမကို သြဂုတ် ၂၇ရက်နေ့တွင် အတည်ပြုပြောကြားသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းအတွင်းရှိ ငါးခရိုင်နှင့် မြို့နယ်များမှတောင်သူလယ်သမားသမဂ္ဂ ကိုယ်စားလှယ်များကိုဖိတ်ကြားထားကြောင်း၊ နိုင်ငံတော်သမ္မတအကြံပေးပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအစိုးအဖွဲ့ ၀န်ကြီး ချုပ်၊တိုင်းလွှတ်တော်ဥက္ကဋ္ဌ နှင့် လယ်ယာမြေများနှင့်အခြားမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေး ကော်မ တီဝင်များ နှင့် လယ်ယာမြေများ အသိမ်းဆည်းခံရသော ခရိုင်များမှတောင်သူကိုယ်စားလှယ်များကို ဖိတ်ကြားထားကြောင်း၊ ၎င်းအခမ်းအနား နှစ်ရက်မှ တောင်သူလယ်သမားများ၏ တွေ့ဆုံကြေငြာချက်များကို မြေလတ်ဒေသ မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂအဖွဲ့ မှ သတင်းထုတ်ပြန်ပြီး  သြဂုတ် ၃၁ ရက် ညနေ(၅) နာရီအချိန်တွင် သံဃာရာမကျောင်း၌ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ဦးအောင်ကျော်ကျော် က မဇ္ဈိမကို သြဂုတ် ၂၇ ရက်နေ့တွင် ဖိတ်ကြား၍ အတည်ပြုပြောကြားသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: