``မကွေးတိုင်းဒေသကြီး လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ) နှင့် သဘာဝဘေးအန္တရာယ်လျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ်များ( နည်းပြ)များ သင်တန်းဆင်း´´



သြဂုတ် ၂၂၊ မကွေး။

မကွေးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခမ်းမတွင် သြဂုတ် ၂၁၊ နေ့လည် ၁း၃၀ နာရီအချိန် ခန့်၌ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)၁၃/၂၀၁၄သင်တန်းမှ နည်းပြသင်တန်းဆရာ ခြောက်ဆယ်ဦး သင်တန်းဆင်းပွဲပြုလုပ်ပေးကြောင်း သတင်းရရှိသည်။

          အဆိုပါသင်တန်းအား သြဂုတ် ၁၅ ရက်နေ့မှာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုံးခင် နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ မကွေးမြို့ မြို့တော်ခမ်းမ၌ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်(၁၂)မြို့နယ်မှ တစ်မြို့နယ် ငါးဦးနှုန်းဖြင့် သင်တန်းသား ခြောက်ဆယ်ဦးတို့ဖြစ်ကြောင်း၊ သင်တန်းကာလမှာ ခုနှစ်ရက်ဖြစ် ကြောင်း၊ အလားတူ မကွေးမြို့၊ မြို့နယ်သမ၀ါယမ သင်တန်းကျောင်းတွင်လည်း သဘာဝဘေးအန္တရာယ်လျော့ပါ ရေး စေတနာ့ဝန်ထမ်းလူငယ်များ (နည်းပြ) ၁၃/၂၀၁၄ သင်တန်းမှ သင်တန်းသားလူငယ် ခြောက်ဆယ်ဦးတို့ သင်တန်း ဆင်းပွဲများကို သြဂုတ် ၂၁ ရက်နေ့မှာ တစ်ပြိုင်းတည်း ကျင်းပ ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။


``ဒီ လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းပို့ချရတဲ့ ရည်ရွယ်ချက်မှာ ရပ်ရွာအတွင်း လူမှုဝန် ထမ်းလုပ်ငန်းများကို ဆောင်ရွက်ရာမှာ လူငယ်ထု ပါဝင်ဆောင်ရွက်နိုင်ဖို့ စည်းရုံးရယူဆောာင်ရွက်သွားရန် နဲ့ မိမိရပ်ရွာအတွင်း ဆောင်ရွက်ရန်လိုအပ်တဲ့ လူမှုဝန်ထမ်းလုပ်ငန်းများကို မည်သို့ဆောင်ရွက်ဖြေရှင်းရမည်ဆိုတာ လူငယ်ထုကိုယ်တိုင် နားလည်သဘောပေါက်စေရန် စတဲ့ အချက်အလက်တွေဖြစ်ပါတယ်။´´ ဟု မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း က ၎င်းပွဲတွင်ပြောသည်။


          သင်တန်းသား ခြောက်ဆယ်ဦးထဲမှ အတော်ဆုံးလူငယ် ခြောက်ဦးတို့ကို ဂျီအက်စ်အမ် ဆင်းကဒ်များ  ဆုချီးမြှင့်ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: