``မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်၏ အမှုပယ်ဖျက်ပေးရေး အယူခံအား မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တွင် စက်တင်ဘာ(၄)ရက်နေ့မှာ စုံညီကြားနာစစ်ဆေးမည် ဆို´´



သြဂုတ် ၂၀ ၊ မကွေး ။
         
 မကွေးမြို့ ဆားရွှေကင်းရပ်ကွက်ရှိ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်၌ မကွေးတိုင်း NLD ပါတီ အတွင်း ရေးမှူး ဦးနေမျိုးကျော်ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၇ ဖြင့် မြို့နယ်ရုံးတွင် စွဲဆိုစစ်ဆေးနေသော အမှုပယ် ဖျက်ပေးရေး အယူခံအား ဇူလိုင် ၂၉ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခဲ့ပြီး ယနေ့ ရုံးချိန်း သြဂုတ် ၂၀ ရက်နေ့ ဖြစ်ကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

``မြို့နယ်မှာ စစ်ဆေးနေတဲ့ ကျွန်တော့်အမှုကို  ခြေဖျက်ဖို့  (၅၆၁ ဃ) အရ တိုင်းဒေသကြီး လွှတ်တော် သို့ ဇူလိုင် ၂၉ ရက်နေ့မှာ အယူခံတင်တယ်၊ သူတို့က လက်ခံတယ်၊ ဒီနေ့ သြဂုတ် ၂၀ ရက်နေ့ရုံးချိန်း၌ မြို့နယ်တရားရုံးမှာ စစ်ဆေးဆဲအမှုကို  ရပ်ဆိုင်းပြီး အမှုတွဲတွေကို တိုင်းလွှတ်တော်က စက်တင်ဘာ ၄ ရက်နေ့မှာ စုံညီကြားနာ စစ်ဆေး မယ်လို့ပြောပါတယ်၊ အဲဒီစက်တင်ဘာ ၄ ရက်နေ့ကို ထက်မံရုံးချိန်းပေးလိုက်ပါတယ်။´´ ဟု ဦးနေမျိုးကျော်က မဇ္ဈိမ ကိုပြောသည်။

          အမှုဖြစ်စဉ်အကျဉ်းမှာ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပပြီးချိန်၌ ပူးပေါင်းကော်မတီဝင် မကွေးတိုင်း NLD ပါတီ အတွင်းရေးမှူးအား ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း မှ ရပ်ကျေးဥပဒေ-၂၇ ဖြင့် မကွေးမြို့နယ်တရားရုံးသို့ ဇွန် ၁၇ရက်နေ့က စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

          မကွေးမြို့တွင် ယခု ဦးနေမျိုးကျော်၏ အမှုနှင့်အတူ ကျင်းပပြီးစီးခဲ့သော ပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပပြီးချိန်၌ ပူးပေါင်းကော်မတီဝင်များ နှင့် မြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး အား ရဲအက် ပုဒ်မ ၄၉ (အသံချဲ့စက်ခွင့်ပြုချက်မရှိ)ဖြင့် တစ်မှု၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ဦးမောင်မောင်စိုး အား  ရဲအက် ပုဒ်မ ၄၉(အသံချဲ့စက်ခွင့်ပြုချက်မရှိ) ဖြင့် အမှု ၃ မှု တို့ကို တရားစွဲဆိုပြီး မကွေးမြို့နယ်တရားရုံး၌ စစ်ဆေးနေကြောင်း ဦးမောင်မောင်စိုး က မဇ္ဈိမ ကိုပြောသည်။

          မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှ DVB သတင်းထောက် ကိုဇော်ဖေ၏ ထောင်ဒဏ် တစ်နှစ် အယူခံအား ထောင်ဒဏ် သုံးလသို့ လျော့ပေါ့ ပြင်ဆင်ပေးခဲ့သည်။ သြဂုတ် ၂၈ ရက်နေ့တွင်လည်း ၎င်း ရုံး၌ ယူနတီသတင်းဂျာနယ်သတင်းထောက်များ၏ ထောင်ဒဏ် ဆယ်နှစ်ပြစ်ဒဏ်အယူခံအား အပြီးသတ်ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: