``မကွေးမြို့တွင် UAB ယူနိက်တက်အမရဘဏ်၊ (မကွေးဘဏ်ခွဲ)ဖွင့်လှစ်´´



သြဂုတ် ၄ ၊ မကွေး ။
နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားအကျိုးစီးပွားများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ငွေကြေးစုဆောင်းခြင်း၊ ငွေကြေးပံ့ပိုးခြင်းနှင့် အခြားငွေကြေးဝန်ဆောင်မှုများအား အများပြည်သူထံ ဆောင်ရွက် ပေးမည့် United Amara Bank (UAB) ယူနိက်တက်အမရဘဏ် မှ မကွေးဘဏ်ခွဲ ကို ၂၀၁၄၊ သြဂုတ် ၄ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဖွင့်လှစ်ကြောင်း  သတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း၊ တိုင်းဒေသကြီလွှတ်တော် ဒု ဥက္ကဌ နှင့်အဖွဲ့၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ၊ မကွေးတိုင်းဒေသကြီး ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တစ်ရာခန့်တက်ရောက်ကြောင်း သိရသည်။ မကွေးမြို့တွင် UAB ယူနိက်တက်အမရဘဏ် ၏ (မကွေးဘဏ်ခွဲ)သည် ဘဏ်ခွဲ(၃၁)ဘဏ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အစီအစဉ်ကြေညာသူက ပြောသည်။


``ဒီ ယူနိက်တက်အမရဘဏ်က ကျွန်တော်တို့ Trade Times ဂျာနယ်ရဲ့ပိုင်ရှင်ဖြစ်ပါတယ်၊ ကျွန်တော်ကနယ်ခံ ဆိုတော့ မီဒီယာတွေကို ရွေးပြီးဖိတ်ကြားတာပါ။´´ဟု မကွေးနယ်ခံ သတင်းထောက် ဇော်မိုးထွန်း က မြေလတ်မီဒီယာ ကို ပြောသည်။


          ၎င်းဘဏ်၏ ၀န်ဆောင်မှုအချက်အလက်အပြည့်အစုံအား မကွေးတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်နှင့် အဖွဲ့တို့ကို သီးခြားရှင်းလင်းပြောကြား၍၊ သတင်းမီဒီယာများအား ရှင်းလင်းပြောဆိုခြင်းမရှိခဲ့ကြောင်း မြေလတ်မီဒီ ယာ က သတင်း ရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: