``မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဦးစီးမှူးရုံး၌ အမှုထမ်းများစွမ်းဆောင်ရည်မြှင့်သင်တန်း(၂)ရက်ပို့ချ´´



သြဂုတ် ၂၃၊ မကွေး ။

မကွေးမြို့၊ မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဦးစီးမှူးရုံး၌ သြဂုတ် ၂၃/၂၄ ရက်နေ့များတွင် နံနက် ၈း၃၀ နာရီမှ ညနေ ၄ နာရီအချိန်အထိ အမှုထမ်းများစွမ်းဆောင်ရည်မြှင့်သင်တန်း နှစ်ရက် သင်တန်းဖွင့်လှစ် ကြောင်း မြေလတ်မီဒီယာမှ သတင်းရရှိသည်။

          အဆိုပါသင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့ဦးစီးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်စိန်ဝင်း မှ ပြည်ထဲရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက် တာဝန်များကို အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်သည်။ အမှုထမ်းများစွမ်းဆောင်ရည်မြှင့်သင်တန်းသို့ မကွေးတိုင်းအတွင်းရှိ သန္ဓေမီးသတ်တပ်ဖွဲဝင် သင်တန်းသား(၂၅)ဦးနှင့် သင်တန်းသူ(၅)ဦးတို့ တက်ရောက်ကြောင်းသိရသည်။


         
၎င်းသင်တန်းမှ ပို့ချသော ဘာသာရပ်များမှာ မကွေးတိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ ဒုတိယ တိုင်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဝေ က ၀န်ထမ်းစည်းမျဉ်းစည်းကမ်း ဥပဒေများကို  ပို့ချကြောင်း၊ မကွေးခရိုင် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်သိန်း က မီးသတ်ဌာန၏ ရည်မှန်းချက် တာဝန်လုပ်ငန်းစဉ်(၇)ရပ်၊ ပခုက္ကူခရိုင်မီးသတ် တပ်ဖွဲ့ဦးစီးမှူး ဦးစီးအရာရှိ ဦးခင်မောင်သန်း က မီးသတ်တပ်ဖွဲ့၏ ဥပဒေ၊ နည်းဥပဒေများနှင့် ကျင့်ဝတ်များ၊ သရက်ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်နိုင်ထွန်း က နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ပြည်ထဲရေးဌာနမှ (Third Wave) လုပ်ငန်း စဉ်များ တို့ကို အသီးသီးပို့ချကြောင်း  မြေလတ်မီဒီယာမှ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: