``မကွေးတိုင်းလူငယ်ဖိုရမ်အဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်´´



သြဂုတ် ၁၉၊ မကွေး ။
          
 မကွေးတိုင်းဒေသကြီးလူငယ်များ၏ ဒုတိယအကြိမ် လူငယ်ဖိုရမ်တွေ့ဆုံပွဲကို သြဂုတ် ၁၅/၁၆ နှစ်ရက် ကျင်းပ၍ သြဂုတ် ၁၇ ရက်နေ့တွင် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ပွဲတော်ကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် လောကအလင်းလူမှုကွန်ယက်(ရန်ကုန်)အဖွဲ့တို့၏ မတည်အကူအညီများဖြင့် ကြီးကျယ် ခန်းနား စွာ(၃)ရက် တိတိကျင်းပနိုင်ခဲ့ကြောင်း၊ ဤ လူငယ်ဖိုရမ် နှင့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ပွဲတော် ကျင်းပခဲ့သော ကိစ္စများကို မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်း၊ သံဃာရာမ ဘုန်းတော်ကြီး စာသင်ကျောင်းတိုက်၌ သြဂုတ် ၁၉ ရက်၊ နံနက်(၁၀း၃၀ မှ ၁၁း၃၀)နာရီအအချိန်ခန့်တွင် လူငယ် ဖိုရမ် ကော်မတီမှ  တာဝန်ခံများ ကိုအောင်လင်းကြည်၊ ကိုဝေယံအောင် နှင့် ကိုဇင်မင်းထိုက် တို့က သတင်းမီဒီယာ များ ကို ရှင်းလင်းကြောင်း မြေလတ်မီဒီယာ ကသတင်းရရှိသည်။


          ၎င်း ၂၀၁၄၊ဒုတိယအကြိမ် မကွေးတိုင်းလူငယ်ဖိုရမ်မှ ဆောင်ရွက်ကြမည့်သဘောတူညီချက် ငါးချက်၊ မကွေးတိုင်းအတွင်း(၂၅)မြို့နယ်ရှိရာ မြို့နယ် ၂၃ မြို့နယ်မှ လူငယ်ဖိုရမ်ကိုယ်စားလှယ်များ (၁၇၄)ဦးတက် ရောက်၍ ၂၃ မြိုနယ်မှ အဓိကလိုအပ်၍ တောင်းဆိုချက် (၂၃)ချက်ကို Flash Mob ဆိုင်းဘုတ်များဖြင့် တောင်းဆို ခဲ့ကြောင်း၊ ယခုဖိုရမ်မှ ၂၀၁၅ မှာ တတိယအကြိမ် မကွေးတိုင်းလူငယ်ဖိုရမ်ကို မင်းလှမြို့နယ် (ပထမဦးစားပေး)၊ မြိုင်မြို့နယ် (ဒုတိယဦးစားပေး) ကျင်းပရန်စီစဉ်ရွေးချယ်ထားကြောင်း၊ ၎င်း တတိယအကြိမ် လူငယ်ဖိုရမ် မကျင်းပမီ လူငယ်ဖိုရမ်အစည်းအဝေးများကို ၂၀၁၄၊ နိုဝင်ဘာလ တွင် စလင်းမြို့မှစတင်ပြီး၊ ဂန့်ဂေါမြို့နှင့် တောင်တွင်းကြီးမြို့များမှာ လူငယ်ဖိုရန်တွေ့ဆုံအစည်းအဝေးများကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့ သတင်းစာ ရှင်း လင်းပွဲမှ သတင်းထုတ်ပြန်ချက်များအား မကွေးတိုင်းလူငယ်ဖိုရမ်ကော်မတီဝင်များက  မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံသို့ တွေ့ဆုံတင်ပြမည်ဖြစ်ကြောင်း  လူငယ် ကိုအောင်လင်းကြည် က ပြောသည်။


`` ပေးချင်ပေး၊ မပေးချင်နေ၊ တစ်ချိန်ချိန်မှာ နိုင်ငံတော်ရဲ့အနာဂတ် (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး) အာဏာဟူသမျှ တစ်နေ့နေ့မှာ ပေးခဲ့၊ ထားခဲ့ လွှဲအပ်ပေးခဲ့ရမှာပါ။ ဒါကြောင့် မကွေးတိုင်းအတွင်းရှိ လူငယ်များ အနေနဲ့လည်း ဒီလို ကြီးလေးလှတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့၊ အခု အချိန်ကစပြီး နေရာတစ်ခုအတွက် တတ်သိ သင်ယူသည့်အသိ၊ အတတ်ပညာများကို ရှာဖွှေလေ့ကျင့် မှတ်သား လုပ်ကိုင်ထားကြရမှာပါ ။´´ဟု မကွေးတိုင်းလူငယ်ဖိုရမ် နာယက ဦးရဲထွဋ်(ပခုက္ကူ)မှ ၎င်းဖွင့်ပွဲတွင် တိုက်တွန်း ပြောဆိုခဲ့ သည်။ 



ဒုတိယအကြိမ် မကွေးတိုင်းလူငယ်ဖိုရမ်နှင့် နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ပွဲတော်ကို အခက်အခဲများ ကြားမှ တိုင်းဒေသကြီး အစိုးရထံ တောင်းဆို၍ (၃)ရက်တိတိ မကွေးမြို့တော်ခမ်းမ၌ ကျင်းပခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရမှ မြို့တော်ခမ်းမကို အခမဲ့အသုံးပြုခွင့်နှင့် လှူဒါန်းငွေ ငါးသိန်းပေး လှူခဲ့တယ်၊ စုစုပေါင်း ငွေသိန်းပေါင်း (၇၅)သိန်းခန့်ကုန်ကျကြောင်း၊ လောကအလင်းလူမှုကွန်ယက် (ရန်ကုန်) အဖွဲ့မှ အလှူငွေကျပ်သိန်း ခြောက်ဆယ် ကို မတည်လှူဒါန်းခဲ့ ကြောင်း လူငယ် ကိုဇင်းမင်းထိုက် က မြေလတ်မီဒီယာ ကိုပြောသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: