``မကွေးတိုင်းဒေသကြီး တောင်သူလယ်သမားများ တွေ့ဆုံပွဲကို မကွေးတိုင်းတောင်သူလယ်သမားသမဂ္ဂမှ သံဃာရာမကျောင်းတွင် ကျင်းပ´´



(တိုင်းပြည်တိုးတက်ဖွံ့ဖြိုးတာက ဇီးစေ့လောက်သာအကျိုးပြုပြီး လယ်ယာမြေပြဿနာတွေ က မြင့်မိုရ်တောင်လောက်ဖြစ်နေတယ်။)
        
  မကွေး၊ သြဂုတ် ၃၀ ။

မကွေးမြို့၊ စိုးကောမင်းရပ်ကွက်၊ တောင်တွင်းကြီးလမ်းရှိ သံဃာရာမကျောင်းတိုက်တွင် သြဂုတ် ၃၀/၃၁ (၂)ရက်တိတိကျင်းပကြောင်း၊ ပထမနေ့တွင် နိုင်ငံတော်သမ္မတ အကြံပေးပုဂ္ဂိုလ် လယ်ယာမြေဥပဒေပညာရှင် ဦးဝင်းမျိုးသူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ပွင့်ဖြူမြိုနယ်) မှ ဒေါက်တာအောင်မိုးညို၊ မြေလတ်ဒေသ မကွေး တိုင်းတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးစိုးနိုင် နှင့်  မြေယာဥပဒေသင်တန်းဆရာ ဦးအောင်ကျော်ကျော်တို့၏ မြေယာဥပဒေများပြောကြားချက်ကို တက်ရောက်လာသူတောင်သူကိုယ်စားလှယ်များမှ ပြန်လည်မေး မြန်း ဆွေးနွေးကြကြောင်း  သတင်းရရှိသည်။

``ပြီးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာသိမ်းဆည်းထားတဲ့လယ်ယာမြေတွေထဲက သုံးသိန်း ငါးသောင်းကျော်ဧကကို ပြန်လည်မစွန့်လွှတ်တော့ဘူးလို့ လယ်ယာမြေသိမ်းဆည်းရေးနှင့်အခြားမြေများသိမ်း ဆည်းခြင်း  စစ်ဆေးရေး ဥက္ကဋ္ဌက ကြေညာတယ်၊ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးထဲက အများဆုံးဖြစ်နေ တယ်၊ ဒီလောက်များပြားနေ့တဲ့ သိမ်းဆည်းထားတဲ့မြေယာတွေကို  ပြန်လည်သုံးသပ်စဉ်းစားပြီး ပြန်ပေးဖို့ နိုင်ငံတော် သမ္မထံတင်ပြပေးရန် အဆိုပြုခဲ့ပါတယ်။´´ဟု ပြည်သူ့လွှတ်တော် ဒေါက်တာအောင်မိုးညို က ၎င်းပွဲ တွင်ပြော သည်။

          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းအတွင်းရှိ ငါးခရိုင်နှင့် မြို့နယ်များ(၂၆)မြိုနယ် မှတောင်သူလယ်သမား သမဂ္ဂကိုယ်စားလှယ်များငါးဆယ့်နှစ်ဦးကျော်ခန့်တက်ရောက်ကြောင်း၊ ဖိတ်ကြားထားသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ တို့ တက်ရောက် ခြင်းမရှိပါကြောင်း၊ လယ်ယာမြေများ နှင့် အခြားမြေများသိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေးကော်မတီဝင် မကွေး မြို့နယ်NLDပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်းမှာလည်း ကျန်းမာရေးမကောင်း၍ နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံသို့ တက် ရောက်ဆေးကုသနေ၍ မတက်ရောက်နိုင်ကြောင်း ၎င်းပွဲ အခမ်းအနားစီစဉ်သူ ဦးအောင်ကျော်ကျော် မှ ပြောကြား သည်။


``နိုင်ငံတော်သမ္မတကြီးက ၂၀၁၃၊ ဒီဇင်ဘာလထဲမှာ ဌာနဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲရေးအတွက် ဇွတ် အလုပ်ခိုင်းခဲ့တယ်၊ တိုင်းပြည်ကို ပိုမိုကောင်းမွန်အောင်လုပ်ခဲ့တာပါ၊ ဒါပေမဲ့ အထက်က ပြုပြင်ပြောင်း လဲခဲ့သော်လည်း အောက်ခြေ အဆင့်အထိ မရောက်ခဲ့ပါဘူး၊ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးတာက ဇီးစေ့လောက်သာ အကျိုးပြုပြီး လယ်ယာမြေ ပြဿနာတွေနဲ့အခြားပြဿနာတွေက မြင့်မိုရ်တောင်လောက်ဖြစ်နေပါတယ်။´´ဟု နိုင်ငံတော် သမ္မတအကြံပေး ဦးဝင်းမျိုးသူ က ၎င်းအခမ်းအနားတွင်ပြောသည်။


ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ



 

0 comments: