``မကွေးမြို့၏ (၈.၈.၈၈)ရှစ်လေးလုံး အရေးတော်ပုံ(၂၆)နှစ်မြောက် ပုံရိပ်များ´´



သြဂုတ် ၇၊ မကွေး။
         
 မကွေးမြို့၊ ၁၅ လမ်း၊ ရွာသစ်/ပွဲကြိုရပ်ကွက်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွင် (၈.၈.၈၈)ရှစ်လေးလုံး အရေးတော်ပုံ(၂၆)နှစ်မြောက် အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း၊ ရှစ်လေးလုံး အရေး တော်ပုံ ကာလအတွင်းက တွေ့ကြုံဖြတ်သန်းခဲ့ရသော၊ ဒုက္ခအဖုံဖုံကို မျက်မြင်ကိုယ်တွေ့ခံစားခဲ့ရသော ရဟန်း ရှင်လူ၊ ကျောင်းသား၊ ကျောင်းသူအပေါင်းနှင့် ပြည်သူလူထုတို့၏ တွေ့မြင် ကြားသိသမျှတွေကို မျှဝေခံစား တိုင်ပင်ကြရင်း နောင်အနာဂတ်မျိုးဆက်သစ်များအတွက် သမိုင်းအမွေအနှစ်အဖြစ် မှတ်မှတ်ထင်ထင် သိနား လည်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)ရုံးသို့ မည်သူမဆို တက်ရောက်၍ `အမှတ်တရ မှတ်တမ်းစာအုပ်´ တွင် လက်မှတ်ရေးထိုးပေးကြပါရန် စတေးကာ နှင့် ဖိတ်စာများ ဖြင့် ဖြန့်ဝေ ဖိတ်ကြားထားကြောင်း ဦးဌေးဝင်း ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)က မဇ္ဈိမ ကိုပြောသည်။

``ကျွန်တော်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ)ကတော့ (၂၆)နှစ်မြောက် ရှစ်လေးလုံးနေ့မှာ မကွေးမြို့နယ်NLD ပါတီကို ၀ိုင်းရံပြီး ကျင်းပဆောင်ရွက်သွားကြမှာပါခင်ဗျာ။´´ဟု ကိုမင်းမင်း ဦး ပြန်ကြားရေးမှုး က မဇ္ဈိမကိုပြောသည်။ 

          သြဂုတ် ၈ ရက်နေ့တွင်ကျရောက်သော (၂၆)နှစ်မြောက် ရှစ်လေးလုံးနေ့မှာ မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ မကွေးမြို့နယ်NLDပါတီရုံး၌ နံနက် ၈ နာရီတွင် အခမ်းအနားကျင်းပမည်ဖြစ်ကြောင်း၊ ဗ.က.သ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်(မြေလတ်ဒေသ)ကိုလည်း ဖိတ်ကြားထားကြောင်း၊ အခမ်းအနားကျင်းပပြီးလျှင် မကွေး မြသလွန်စေတီတော် သို့ စုပေါင်းသွားရောက်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၌ ကျဆုံးခဲ့သော ရဟန်း ရှင်လူ ကျောင်းသား၊ ကျောင်းသူများ နှင့် ကျဆုံးခဲ့သော မိဘပြည်သူများအတွက် ကောင်းမွန်သော ဘုံဘ၀သို့ ရရှိနိုင်ရန် ဆုတောင်းပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  မကွေးမြို့နယ်NLDပါတီ၊ ဥက္ကဋ္ဌ ဦးစိုးမိုး က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: