``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄)ကို (၂)ရက် ဖွဲ့စည်းဆွေးနွေး´´



(မကွေးမြို့တွင် အင်အားကြီးပါတီနှစ်ခုမှ မီဒီယာများ သတင်းယူရာတွင် ပွင့်လင်းမြင်သာမှုမရှိ)
        
  သြဂုတ် ၅၊ မကွေး ။
          မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခမ်းမ၌ သြဂုတ် ၄/၅ ရက် နှစ်ရက်တွင် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄) ဖွဲ့စည်းကြောင်း မဇ္ဈိမက သတင်းရရှိသည်။


ချမ်းမြသူ ဖေ့စ်ဘုတ် မှ ဓာတ်ပုံယူသုံးပါသည်။        

 ပထမနေ့အဖြစ် သြဂုတ် ၄ ရက်နေ့ နံနက် ၉နာရီအချိန်တွင်  စတင်ခဲ့ပြီး၊ သြဂုတ် ၅ ရက်နံနက် ၉နာရီမှ ညနေ ၅ နာရီအထိဆက်လက်ကျင်းပကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ဗဟို) မှ မကွေးတိုင်း ဒေသကြီးတာဝန်ခံ ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ၊ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လူငယ်ဖိုရမ် တိုင်းဒေသ ကြီးတာဝန်ခံ ဦးကျော်သူဦး၊ တောင်သူလယ်သမားတာဝန်ခံ နှင့် အလုပ်သမားတာဝန်ခံများ၊ မကွေး တိုင်း(၂၅)မြို့နယ်မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ အင်အား နှစ်ရာငါးဆယ်ကျော်ခန့် တက်ရောက် ကြောင်း အစည်းအဝေးတက်ရောက်သူ ပါတီဝင်တစ်ဦးထံမှသိရသည်။ အသေးစိတ်ဆွေးနွေး ချက်များအား ပြည်သူလူထုသိစေရန် မဇ္ဈိမ က နှစ်ရက် ဆက်တိုက် သတင်းသွားရောက်ယူခဲ့ရာ မကွေးမြို့နယ် ပါတီ အတွင်းရေး မှူး ဦးအောင်သိန်းကျော် မှ သတင်းသမားများဝင်ရောက်၍ သတင်း မယူရန်မေတ္တာရပ်ခံခဲ့သည်။ 

`` ယခုတိုင်းအဆင့်အစည်းအဝေးက ညနေ ၅နာရီမှပြီးတယ်၊ ပထမနေ့သြဂုတ် ၄ ရက်နေ့မှာ ဖိုရမ်တွေ ခွဲပြီး ဖွဲ့တယ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်အုပ်စုတွေ တစ်နေကုန်ဆွေးနွေးကြခဲ့တယ်၊ ဒုတိယ နေ့သြဂုတ် ၅ ရက်နေ့မှာ အဲဒီဆွေးနွေးချက်တွေကို အဖွဲ့အလိုက် စာတမ်းတင်ပြပြီး ဖတ်ကြားကြတယ်၊ အဓိက ဖိုရမ်အလိုက် ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာ တစ်အိမ်တက်ဆင်း စည်းရုံးဆောင်ရွက် ဖွဲ့စည်းသွားကြမှာ ဖြစ်ပါ တယ်။´´ ဟု ပြည်ခိုင်ဖြိုး မကွေးမြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်သိန်းကျော် က မဇ္ဈိမ ကိုပြော သည်။

          ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးမှ တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် သတင်းများကို ၀င်ရောက်သတင်းယူပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ဖော်ပြနိုင်ခဲ့သော်လည်း မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ၌ ပြည်ထောင်စုနေ့စဉ်သတင်းစာ သတင်းထောက်မှ အပ အခြား မီဒီယာများကို ဖိတ်ကြားအသိပေးခြင်း မရှိခဲ့ကြောင်း၊ အလားတူ မကွေးတိုင်း NLDပါတီ ကလည်း ၎င်းတို့ ပါတီဝင် သတင်းထောက်နှင့် ဒီလှိုင်းသတင်းထောက်များကိုသာ သတင်းယူခွင့်ပေး၍ ယခုတစ်လော မှာအခြား သတင်းထောက်များအား သတင်းယူခွင့်မပေးကြောင်း ရီပိုတာဂျာနယ် သတင်းထောက် တစ်ဦးက မဇ္ဈိမ ကိုပြော သည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


 

0 comments: