``ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ (အထက်ဗမာပြည်) မကွေးမြို့ ဆွေးနွေးပွဲတွင် ငွေရတုဆုံးဖြတ်ချက်ဖော်ဆောင်ရေး NLDပါတီမှ အကြောင်းမပြန် ဟုဆို´´



သြဂုတ် ၂၄၊ မကွေး ။

ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ (အထက်ဗမာပြည်) မှ မကွေးမြို့တွင် ငွေရတုဆုံးဖြတ်ချက်ဖော်ဆောင်ရေး တိုင်ပင်ဆွေးနွေးကြရန် ရှစ်လေးလုံးအရေးတော်ပုံမှ ကျောင်းသားခေါင်း ဆောင်များ၊ သပိတ်ခေါင်းဆောင်များ၊၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)အဖွဲ့ဝင်များ၊ NLD ပါတီအဖွဲ့ဝင်များ၊ လူမှုရေး ကွန်ယက်များ၊ NGO အဖွဲ့များ အင်အား ငါးဆယ်ဦးခန့်တို့ဖြင့် သြဂုတ် ၂၄၊ နံနက် ၁၀း၃၀ မှ ၁၂း၃၀ နာရီအချိန် အထိ မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊ ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော်( မြစ်ကွေ့ဧရာလူမှုကွန်ယက်) နေအိမ်၌ ကျင်းပကြောင်း၊ ငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ (အထက်ဗမာပြည်)ကော်မတီဝင် များ  ဦးတင်အေးကြူ၊ ဦးမင်းမင်းနှင့် ဦးအောင်မှိုင်းဆန်း(ဗဟို)တို့ သုံးဦး က ဦးဆောင်ဆွေးနွေးကြောင်း မဇ္ဈိမက သတင်း ရရှိသည်။

          ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်(၃)ချက်ကို ၂၀၁၃ ခုသြဂုတ် ၈ ရက်နေ့ပါ ငါးရက်တိတိ ကျင်းပခဲ့သော တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ နှင့် ရှစ်လေးလုံးငွေရတုကော်မတီ(ဗဟို) တို့ တွေ့ဆုံ ဆွေးနွေးပြီး  ချမှတ်ခဲ့ကြောင်း၊ (၁) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်။ (၂) ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန်(သို့မဟုတ်) အသစ်ရေးဆွဲရန်။ (၃) အမျိုးသားအင်အားစုများအားလုံး ပါဝင်သည့် ညီလာခံတစ်ရပ်ကျင်းပရန် တို့ဖြစ်ကြောင်း ၊ ၎င်းဆုံးဖြတ်ချက်ဖော်ဆောင်ရေးအတွက် ဆောင်ရွက်ချက်များကိုပြောဆိုရာ..


`` ဒီကိစ္စဆောင်ရွက်ဖို့အတွက် နိုင်ငံရေးပါတီများနဲ့ အဖွဲ့အစည်းပေါင်းစုံသို့ စာထွက်ပြီး တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့(UNA)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)တို့ကို ကမ်းလှမ်းခဲ့တာ NLD ပါတီက အကြောင်းမပြန်ခဲ့ပါဘူး။ ကိုမင်းကိုနိုင်ကလည်း ဒေါ်စုနဲ့တွေ့ခဲ့တာက အဖွဲ့အနေနဲ့တွေ့ခြင်းမဟုတ်ပါဘူး။ (UNA) စည်းလုံးညီညွတ်သော တိုင်းရင်းသားမဟာမိတ်အဖွဲ့ကသာ လက်ခံတွေ့ဆုံရန်အကြောင်းပြန်လို့ ၂၀၁၄ ဇွန် ၂၆ ရက်နေ့မှာ တွေ့ဆုံခဲ့ ပါတယ်။´´ ဟု ဦးအောင်မှိုင်းဆန်း က မဇ္ဈိမ ကိုပြောသည်။


          ဆွေးနွေးချက်များအရ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီ မှ ဖော်ဆောင်ရန် သုံးချက်တွင် အမှတ်(၁) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန်ကိစ္စမှာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပါဝင်ပြီးကြောင်း၊ အမှတ်(၂) ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရန်(သို့မဟုတ်) အသစ်ရေးဆွဲရန် ကိစ္စမှာ လွှတ်တော်တွင်း လွှတ်တော်ပက NLD ပါတီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူု့ဘောင် အဖွဲ့အစည်း တို့ဆောင်ရွက်ထားကြောင်း၊ အမှတ်(၃) အမျိုးသားအင်အားစုများအားလုံး ပါဝင်သည့် ညီလာခံ တစ်ရပ်ကျင်းပနိုင်ရန် အရေးထားဆောင်ရွက်ကြရန် အလေထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၎င်းကိစ္စ ဆောင်ရွက်ရန် မကွေးခရိုင်မှ ရှစ်လေးလုံးငွေရတုဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီဝင်များကို တစ်မြို့နယ်လျှင် ငါးဦးစီဖွဲ့စည်းပေးရန် ရွေးချယ်ရေးအတွက် စက်တင်ဘာ(၁)ရက်နေ့တွင် ထပ်မံတွေ့ဆုံကြရန် သဘောတူကြကြောင်း ပွဲဖြစ်မြောက်ရေးစီစဉ်သူ  ဦးထွန်းဦးခိုင် က ၎င်းပွဲတွင်ပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: