``မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ တောင်သူလယ်သမား၊ အလုပ်သမား နှင့် လူငယ်ဖိုရမ်(၂၀၁၄) ကျင်းပ´´



သြဂုတ် ၂၀၊ မကွေး။
         
 မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တောင်သူလယ်သမား၊ အလုပ်သမား နှင့် လူငယ်ဖိုရမ်(၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၀ ရက် နံနက်(၉)နာရီတွင် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခမ်းမ၌ ကျင်းပကြောင်း မြေလတ်ဒေသ မှသတင်းရရှိသည်။


          အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးရဲမြင့်၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ၀င် မကွေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကြည်ထွန်း နှင့် ဗဟိုကော်မတီဝင် ဦးဟန်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ခရိုင်/မြို့နယ်မှ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄)သို့ တက်ရောက်လာကြ သော ကိုယ်စားလှယ်များ အင်အား နှစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။


          အခမ်းအနားကို ပါတီဝင်လူငယ်များက ဂုဏ်ပြုတေးသီချင်းများဖြင့် ဖွင့်လှစ်ပြီး ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီး အတွင်းရေးမှူး ဦးကြည်ထွန်း နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဗဟိုကော်မတီဝင် ဦးဟန်မောင် တို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မကွေးမြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင် သိန်းကျော် က တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄) အစီအစဉ်များကို ရှင်းလင်းတင်ပြ ခဲ့ပြီး အခမ်းအနား ပထပိုင်းအစီစဉ်ကို ပါတီဝင်များမှ အောင်မြင်ပါစေ မြန်မာပြည် သီချင်းသီဆို၍ ပထမပိုင်း အစီအစဉ်ကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

          ဒုတိယပိုင်းအစီစဉ်ကို သတ်မှတ်ထားသောနေရာများတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ ဖိုရမ်များကို ညနေပိုင်းအထိ ဆက်လက်ကျင်းပကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိခဲ့သည်။

သတင်းတာဝန်ခံ
မြေလတ်မီဒီယာ


သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။


ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ


 

0 comments: