မင်းဘူး-စကုမြို့နယ်စည်ပင်သာယာရေးကြီးကြပ်မှုကော်တီဝင်အဖွဲ့ စကုမြို့မှကော်မတီဝင်များ လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေးအခွန်အခများ ပေးဆောင်နေရ


သြဂုတ် ၆ ၊ မကွေး ။
မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခမ်းမ၌ မင်းဘူး(စကု)မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့်လုပ်ငန်းများ၏ လျာထားချက်ကို ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးကြောင်း မဇ္ဈိမ ကသတင်းရရှိသည်။

          အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်သူဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင်၊ မင်းဘူးမြို့နယ် ဒုအုပ်ချုပ်ရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့၊ စည်ပင်သာယာရေး ကြီးကြပ်မှုကော်မတီ နှင့် မင်းဘူးမြို့နယ်အင်ဂျင်နီယာ ဒေါ်စောယုနွယ် နှင့် ဖိတ်ကြားထားသူဧည့်သည်များ အင်အား ၆၀ ဦးခန့်တက်ရောက် ကြောင်း သိရသည်။


          မင်းဘူး(စကု)မြို့နယ်ဆောက်လုပ်ရေးနယ်မြေအတွင်း၌ မင်းဘူး- မင်းလှလမ်းနှင့် တံတားများအတွက် ပြင်ဆင် ရန် ငွေကျပ်သန်းပေါင်း ၂၂၄၀ ရံပုံငွေရရှိကြောင်း၊ ထနောင်းတော- အိုင်းမလမ်းနှင့် တံတားများအတွက် ပြင်ဆင်ရန် ငွေကျပ်သန်းပေါင်း ၂၀၀ ရံပုံငွေရရှိကြောင်း မင်းဘူး(စကု)မြို့နယ်အင်ဂျင်နီယာ ဒေါ်စောယုနွယ် က မဇ္ဈိမ ကိုပြောသည်။ 


          ပုသိမ်- မုံရွာလမ်း မိုင် ၂၆၅/၃ မှ ၂၇၄/၆ ထိ ၁၀ မိုင်၊ ၅ဖာလုံ အတွက် ငွေကျပ်သန်းပေါင်း ၂၅၉.၇၉ သန်း ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အသုံးပြုဆောင်ရွက်ရန် မင်းဘူးမြို့နယ်၊ ပြည်သူ့ဆောက်လုပ်ရေး လမ်းအထူး အဖွဲ့(၃)မှ ဆောင်ရွက်နေကြောင်း အငယ်တန်းအင်ဂျင်နီယာ ဒေါ်ယဉ်ယဉ်နွယ် က မဇ္ဈိမ ကိုပြောသည်။

          ၎င်းချပြဆွေးနွေးကြသော ဆောက်လုပ်ရေးလမ်းလုပ်ငန်းမှ အထူးဂရုစိုက်၍ ပြင်ဆင်ပေးရန် လူအသေ အပျောက်များသော တံတားများကို လွှတ်တော်ကိုယ်စားလှယ်အသီးသီးက ထောက်ပြပြောကြားသည်။ မင်းဘူး(စကု)မြို့နယ်ဟု မြို့နှစ်မြို့မှ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့၊ စည်ပင်သာယာရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များမှ စကု- မင်းဘူး အသွား/အပြန်လမ်းကြေး/မြို့ဝင်ကြေး(ဘီးခွန်)များ ပေးဆောင်နေရခြင်း မှာ သဘာဝ မကျကြောင်း စကုမြို့မှ ကော်မတီဝင် နှစ်ဦးမှ ဖွင့်ဟပြောဆိုသည်။ ၎င်းမင်းဘူး-စကု လမ်းပိုင်းမှာ ကောင်းမွန်ကုမ္ပဏီ မှ BOT စနစ်ဖြင့် ကန်ထရိုက်ယူထားကြောင်းသိရသည်။


`` ကျွန်တော်တို့ စကုမြို့က စည်ပင်သာယာရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင် နှစ်ဦးမှာ ကားနှစ်စီးရှိတယ်ဗျ၊ မြို့နယ် အတွက် ကိုယ့်ထမင်းကိုယ်စားပြီး အခမဲ့ဆောင်ရွက်ပေးနေကြတာပါ၊ မင်းဘူး- စကု (၁၀)မိုင်ခရီးကို နေ့/ည အခေါက်ခေါက် အခါခါသွားနေတာကို လမ်းကြေး/မြို့ဝင်ကြေးတွေပေးပေးနေရတယ်၊ ဒီကိစ္စကို ခဏ ခဏ မြို့နယ်ကိုတင်ပြတာလဲ မရဘူးဖြစ်နေပါတယ်။´´ဟု ၎င်းဆွေးနွေးပွဲ၌ ကော်မတီဝင် ဦးလွင်ဦး က ဆွေးနွေး ပြောကြားသည်။ 

ဤကိစ္စသည် လမ်းတံတားဆောက်လုပ်ရေးနှင့် မဆိုင်ပါကြောင်း မြို့နယ်အင်ဂျင်နီယာ မှ ပြန်လည် ဖြေရှင်းပေး သော်လည်း၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက လုံးဝ ပြန်လည် ဖြေကြား ခြင်းမပြုကြောင်း မဇ္ဈိမ က သတင်းရရှိခဲ့သည်။
ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်ဖြင့်
ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း)ဖောင့် ဦးစားပေး၊ 
အခြားမြန်မာဖောင့်များနှင့်လည်းရိုက်၍
အောက်မှမေးလ်သို့ ပေးပို့နိုင်ပါသည်။
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)
 

0 comments: